၂၅ ဖေဖော်ဝါရီ ၂၀၂၆ - ၂၃:၅၉
ပင်တဂွန်က တရုတ်နိုင်ငံကို သူလျှိုလုပ်ဖို့ ဘီလီယံပေါင်းများစွာ သုံးစွဲ

ဗုဒ္ဓဟူးနေ့ ညပိုင်းတွင် Bloomberg သတင်းကွန်ယက်က ဖော်ပြခဲ့သည့်အတိုင်း အမေရိကန် စစ်ဝန်ကြီးဌာနသည် တရုတ်နိုင်ငံ ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် အမေရိကန် ဒေါ်လာ ၁၂ ဘီလျံကျော် ချထားရန် စီစဉ်ထား ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Farsnews သတင်းဌာန ၏ အစီရင်ခံစာ အရ   Bloomberg က ထုတ်ပြန်သည့် ဘတ်ဂျက်စာရွက်စာတမ်းတစ်ခုကို ကိုးကားကာ ပင်တဂွန်သည် တရုတ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ၁၂ ဘီလျံဒေါ်လာကျော် ချထားကြောင်း ဖော်ပြခဲ့သည်။

အာရှတွင် တရုတ်၏ မကြုံစဖူး စစ်ရေးတည်ဆောက်မှုကို တန်ပြန်ရန်အတွက် တရုတ်စစ်ဘက်လှုပ်ရှားမှုများ၊ ရေငုပ်သင်္ဘောများနှင့် ဂြိုဟ်တုများကို စောင့်ကြည့်ခြင်း တိုးမြှင့် စောင့်ကြည့် နိုင် စေရန်အတွက် ပင်တဂွန်က နောက်ထပ် ဒေါ်လာ ၁၂.၆ ဘီလီယံ သုံးစွဲရန် စီစဉ်ထားသည်  ဟု အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

Bloomberg က ထပ်မံရှင်းလင်းရာတွင် ယင်းအပိုဘတ်ဂျက်ကို အဓိကအားဖြင့် အမေရိကန်တပ်မတော်၏ အသင့်ဖြစ်မှု တိုးမြှင့်ခြင်း၊ တိုက်ခိုက်ရေးဆိုက်ဘာ လှုပ်ရှားမှုများ ဖွံ့ဖြိုးတိုးတက်ရေး၊ အိန္ဒိယပစိဖိတ်ဒေသတွင် စောင့်ကြည့်ရေးစနစ်များ ခိုင်မာစေရေးနှင့် Boeing ၏ X-37B (ဘိုးအင်း အိတ်စ်–၃၇ ဘီ)  လျှို့ဝှက် အာကာ သယာဉ် လုပ်ငန်းများကို တိုးချဲ့ရန် သုံးစွဲမည် ဖြစ် ကြောင်း ရှင်းပြထားပါတယ်။

ထို့အပြင် ယင်းစာရွက်စာတမ်းတွင် အမေရိကန်၏ အချိန်မီ သတိပေး ဂြိုဟ်တု စောင့်ကြည့်ရေးစနစ် Silent Barker (ဆိုင်းလင့် ဘားကာ) ကို တိုးမြှင့်ရန် ဒေါ်လာ ၅၂၈ မီလျံ ချထားကြောင်းလည်း ဖော်ပြထားပါတယ်။ ယင်းစနစ်သည် တရုတ် သို့မဟုတ် ရုရှား၏ အာကာသယာဉ်များကို ခြေရာခံနိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha