အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Irna သတင်းဌာန ၏ အစီရင်ခံစာအရ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာ့ဗ်ရော့ဗ် သည် မိမိ နှင့်ရာထူး တူ အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဖုန်းမှတစ်ဆင့် ပြောဆိုရာတွင် အမေရိကန်နှင့် အစ္စရေးတို့၏ မတရားအကြမ်း ဖက်စော်ကားမှုများကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေနှင့် နောက်ဆုံးအပြောင်းအလဲများကို ဆွေးနွေး သုံးသပ်ခဲ့ပါတယ်။
ဆာဂေး လာ့ဗ်ရော့ဗ်က အီရန်အား အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရ၏ တိုက်ခိုက်မှုများသည် နိုင်ငံ တကာ ဥပဒေအားလုံးနှင့် ကုလသမဂ္ဂ၏ ပဋိညာဉ်စာတမ်းနှင့် ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ပြီး ဒေသနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးအတွက် အလွန်ဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်စေမည်ဟု ပြောကြားခဲ့ပါတယ်။
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က မိမိနှင့် ရာထူးတူ ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ ဖုန်းခေါ်ဆိုမှုနှင့် ထောက်ခံစကားအတွက် ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့ပြီး အီရန်ပြည်သူများအား အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် နေအိမ်များ၊ ကျောင်းများ၊ ဗလီများ၊ ဆေးရုံများနှင့် ပြည်သူ့ဝန်ဆောင်မှုဌာနများအပေါ် ဗုံးကြဲတိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ၏ အသေးစိတ်အချက်အလက်များကို အသိပေးပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment