အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Iqna သတင်းဌာန နှင့် Al‑Masirah သတင်းဌာန တို့ ၏ အစီရင်ခံစာအရ ယီမင် အိုလမာ အဖွဲ့သည် ကြာသပတေး နေ့တွင် ထုတ်ပြန်သော ကြေညာချက်အတွင်း အီရန်နှင့် လက်ဘနွန်ကို ဆန့်ကျင်၍ ဇီယွန်အစိုးရနှင့် အမေရိကန် တို့က ပြုလုပ်နေသော တိုက်ခိုက်မှုများနှင့် ရာဇဝတ်မှုများကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထို့အပြင် ကြေညာချက်တွင် အီရန်နှင့် လက်ဘနွန်ရှိ ဟစ်ဘွလ္လာဟ် အဖွဲ့၏ မိုဂျာဟစ်ဒ် ညီအစ်ကိုများကို အလ္လာဟ် ဟို အရှင်မြတ် ၏ အဆိုးဆုံးရန်သူများကို ရင်ဆိုင်တိုက်ခိုက်ရာတွင် ကူညီထောက်ပံ့ခြင်းသည် ရှရီအသ် အရ လိုအပ်သော တာဝန်တစ်ရပ်ဖြစ်ပြီး သက်ဝင် ယုံကြည်သူတစ်ဦး၏ အီမာန်ဆိုင်ရာ တာဝန်ဝတ္တရား လည်း ဖြစ် ကြောင်း အလေးပေး ဖော်ပြထားပါတယ်။
ကြေညာချက်အရ လက်ရှိအခြေအနေများအောက်တွင် မည်သည့်ဘက်ကိုမျှ မထောက်ခံဘဲ အလယ်တန်းနေခြင်း အတွက် နေရာမရှိကြောင်း လည်း ထပ်မံ အလေးပေး ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment