အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဝါရှင်တန်ပို့စ် သတင်းစာသည် အမေရိကန်အရာရှိများကို ကိုးကား၍ အမေရိကန်ပြည်ထောင်စု၏ စစ်တပ်သည် အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုစတင်ခဲ့သည့် ပထမနှစ်ရက်အတွင်း ခန့်မှန်းအားဖြင့် ဒေါ်လာ ၅.၆ ဘီလီယံတန်ဖိုး မြန်မာငွေ ၂၂.၄ထရီလီယံ ကျပ်ခန့် တန်ဖိုး ရှိ လက်နက်ခဲယမ်းများကို အသုံးပြုခဲ့ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါ အရာရှိများ၏ ပြောကြားချက်အရ အချိန်တိုအတွင်း ယင်းအတိုင်းအတာအထိ လက်နက်ခဲယမ်းများ အသုံးပြုရခြင်းသည် အမေရိကန်က လက်ရှိ ဆောင်ရွက်နေသည့် စစ်ရေးလုပ်ငန်းများ၏ ကုန်ကျစရိတ် အလွန် မြင့်မားကြောင်း ပြသနေပါတယ်။
အခြားတစ်ဖက်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန (ပင်တဂွန်) ၏ ပြောရေးဆိုခွင့်ရှိသူက အမေရိကန် သမ္မတက သတ်မှတ်ပေးသည့် မည်သည့်တာဝန်မဆို ဆောင်ရွက်နိုင်ရန် လိုအပ်သည့် စစ်ရေး ပစ္စည်းကိရိယာများ နှင့် စွမ်းရည်အားလုံးကို ကာကွယ်ရေးဝန်ကြီးဌာနတွင် ရှိနေကြောင်း ထိုတာဝန်ကို သတ်မှတ်ထားသော အချိန်နှင့် နေရာအတွင်း အကောင်အထည်ဖော်နိုင်ကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။
ထို့အပြင် အချို့သော အမေရိကန်အရာရှိများက အမေရိကန်အစိုးရသည် လက်ရှိအပတ်အတွင်း ကွန်ဂရက်သို့ ထပ်တိုးဘတ်ဂျက် တောင်းခံနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ယင်းအကြောင်းမှာ စစ်ရေးလုပ်ငန်းများ၏ ကုန်ကျ စရိတ် များပြားလာခြင်းကြောင့် ဖြစ်ပါတယ်။
ထိုအရာရှိများ၏ အဆိုအရ အစိုးရက တောင်းခံမည့် ထပ်တိုးဘတ်ဂျက်သည် ဒေါ်လာ သန်းပေါင်းများစွာ သို့မဟုတ် ဘီလီယံများစွာအထိ ရှိနိုင်ပြီး အီရန်ကို ဆန့်ကျင်သော လက်ရှိ စစ်ရေးလုပ်ဆောင်မှုများကို ထောက်ပံ့ရန် ရည်ရွယ်ကြောင်း သို့သော် ယင်းအချက်အပေါ် ဒီမိုကရက်ပါတီ အမတ်များ၏ ကန့်ကွက်မှုများ ရှိလာနိုင်ကြောင်းလည်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment