အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အဲအ်လာန်မွန်ဒ်ီဒီးန်ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الهادی علیه السلام:
السَّهَرُ اَلَذُّ لِلمَنامِ وَ الجُوعُ يَزيدُ في طيبِ الطَّعامِ.
အေမာမ် ဟာဒီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ညလုံးပေါက်မအိပ်ခြင်း အိပ်ငိုက်မှု ကို အရသာ ရှိစေပြီး ဆာလောင် မှု သည် အစားအစာ ကို အရသာ ရှိစေပါသည်။ »
ကျမ်းကိုး ။ ။ အဲအ်လာန်မွန်ဒ်ီဒီးန်ကျမ်း ၊ စာမျက်နှာ ၃၁၁
ရှင်းလင်းချက် အကျဥ်း - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် ညလုံးပေါက်မအိပ် လျင် အိပ်ငိုက်လာပြီး အရမ်းအိပ်ချင်လာပြီး အိပ်ဖို့ အရသာ ရှိလာမည်ဖြစ်ပါတယ်။ သို့သော် ညလုံးပေါက်မအိပ် ခြင်းသည် ဟရာမ် အတွက် မဖြစ်ဖို့ တရားတော် မှ တိုက်တွန်းထားသည့် ညများ ဥပမာ ကဒ်ရ် ည စသည်ဖြင့် ဖြစ်ပါတယ်။ ထိုနည်းတူစွာ ဆာလောင် လာလျင် အစားအစာများသည်လည်း အရသာ ရှိလာမည်။ ပမာအားဖြင့် ဟင်းအရွေးများသူပင် ဆာလောင်လာသည့် အခါ မရွေးတော့ဘဲ ရှိသည့် ဟင်းဖြင့် မြိန်ရေရှက်ရေ စားမည်ဖြစ်ပါတယ်။ ဤနေရာတွင်လည်း ဟရာမ် အစားအစာများ မဖြစ်ဖို့ အထူး ဂရုပြုရမည် ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment