၂ မေ ၂၀၂၆ - ၀၉:၁၄
အစ္စရေးစစ်သားများ လက်ဘနွန်တွင် ဟစ်ဘွလ္လာဟ် မိုဂျာဟစ်ဒ် များ၏ ပစ်မှတ်ဖြစ်နေ

ဇီယွန်ဝါဒ အစိုးရဟု ခေါ်ဝေါ်ထားသည့် အစ္စရေး၏ ယခင် ဝန်ကြီးချုပ်က အစ္စရေး စစ်သားများသည် လက်ဘနွန်တွင် ဟစ်ဘွလ္လာဟ် အဖွဲ့ဝင်များ ၏ ပစ်မှတ်ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNAသတင်းဌာန၏အစီရင်ခံစာအရ အစ္စရေး၏ ယခင် ဝန်ကြီးချုပ်က မြောက်ဘက် စစ်မျက်နှာပြင်တွင် ရှိနေသော အစ္စရေးတပ်ဖွဲ့များ၏ အခြေအနေကို ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး အစ္စရေး စစ်သားများသည် ဟစ်ဘွလ္လာဟ် အဖွဲ့ဝင်များ ၏ ပစ်မှတ်ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် ယခင် ဝန်ကြီးချုပ်က ဘင်ယာမင် နေတန်ယာဟု ၏ ဆုံးဖြတ်ချက်များကြောင့် အစ္စရေး စစ်သားများ၏ လက်နှင့် ခြေများကို ချည်နှောင်ထားသကဲ့သို့ ဖြစ်စေပြီး၊ ၎င်းတို့၏ လှုပ်ရှားနိုင်သည့် လမ်းကြောင်းများကို ပိတ်ဆို့ထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။

နေတန်ယာဟုသည် မိမိ ၏ မတရားလဘ်စားထားမှုကို မရင်ဆိုင်ရရန်အတွက် အီရန် ၊ ဟစ်ဘွလ္လာဟ် ၊ ဂါဇာ တို့နှင့် အတင်း အဓမ္မ စစ် တိုက်နေခြင်း ဖြစ်ကြောင်း မှတ်သားသင့်ပါတယ်။  

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha