အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ အစ္စရေးမီဒီယာများက အစ္စရေးစစ်တပ်သည် ဟစ်ဘွလ္လာဟ် ၏ သေးငယ်ပြီး အသေခံ ဒရုန်းများအတွက် တိကျသောဖြေရှင်းချက်ကို မရှာဖွေနိုင်ကြောင်း ဝန်ခံခဲ့ကြောင်း ဤအတွက်ကြောင့် အစ္စရေး တပ်မတော်အတွင်း စိတ်ပျက်အားငယ်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရပါတယ်။
အသေးစိတ်အချက်အလက်များအရ အစ္စရေးရုပ်သံလိုင်းများစွာက သေးငယ်သော ဒရုန်းများအပေါ် ချက်ချင်း ဖြေရှင်းချက် မရှိကြောင်း ပြောကြားခဲ့ပါတယ်။ I24 News က ဟစ်ဘွလ္လာဟ် ၏ ဒရုန်းများကို ရပ်တန့်ရန် တိကျ သော ဖြေရှင်းချက်မရှိကြောင်း အသိအမှတ်ပြုရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
Channel 13 နှင့် အခြားရင်းမြစ်များက ဤသေးငယ်ပြီး ရိုးရှင်းသောလက်နက်များသည် အလွန် ထိရောက် သောကြောင့် ပြီးခဲ့သည့်အပတ်ကပင် အစ္စရေးစစ်သားသုံးဦးကို သတ်ဖြတ်ခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
Yedioth Ahronoth နှင့် Israel Hayom တို့က ဟစ်ဘွလ္လာဟ် ၏ ဒရုန်းများသည် တဲလ်အဗစ်အတွက် ရှုပ်ထွေး သော စိန်ခေါ်မှုတစ်ခုဖြစ်ပြီး တပ်မတော်သည် ၎င်းအတွက် မှော်ဆန်သောဖြေရှင်းချက်ကို မရှာဖွေနိုင်ကြောင်း ဝန်ခံခဲ့ ပါ တယ်။
ယခင် တပ်မှူးက အစ္စရေးသည် ဟစ်ဘွလ္လာဟ် ကို စစ်ပွဲတွင် အစကတည်းက မှားယွင်းသောခြေလှမ်းကို လှမ်းခဲ့ ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ မကြာသေးမီက ကြိုးပမ်းအားထုတ်မှုများသည် အစ္စရေး အတွက် အချည်းနှီး ဖြစ်ခဲ့ပါတယ်။ ဤနည်း ဖြင့် စစ်ပွဲ၏ အောင်ပွဲ သို့မဟုတ် အဆုံးသတ်ကို မမျှော်လင့်နိုင်ကြောင်းသိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment