အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟဂ်ျ နှင့် ဇေယာရသ် ရေးရာ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ကိုယ်စားလှယ်တော် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် အဗ်ဒွလ်ဖသာဟ် နဝါဗ် ၏ အဆိုအရ မဒီနာမြို့ ဗဟိုမီးဖိုချောင်သို့ သွားရောက်ကြည့်ရှုစဥ် ဝန်ထမ်းများထဲတွင် ပါဝင်ခြင်း၏ အောင်မြင်မှုအပေါ် ကျေနပ်အား ရကြောင်း ပြောကြားခဲ့ပြီး ဇေယာရသ်ပြုသူ များအား ဝန်ဆောင်မှုပေးရာတွင် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများ ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဤဝန်ဆောင်မှု၏ အရေးပါမှုနှင့် အဆင့်အတန်းကို အလေးပေးပြောကြားရာတွင် ဇေယာရသ် ပြုသူများအား အစားအစာ ပံ့ပိုးပေးရာတွင် ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများသည် ဒိုအာတောင်းခြင်း၊ သဝါဖ်ပြုခြင်းနှင့် ဇေယာရသ် ပြု ခြင်းကဲ့သို့သော ဝတ်ပြုကိုးကွယ်မှု လုပ်ဆောင်ချက်များကို တိုက်ရိုက် အကျိုး သက်ရောက် စေသော ကြောင့် အလွန်တန်ဖိုးရှိပြီး နာမ်ပိုင်း ရေးရာ လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်နိုင်ကြောင်း ပြောကြား ခဲ့ပါတယ်။
အလုပ်ချိန်ကြာမြင့်ခြင်းနှင့် အဆက်မပြတ်ရပ်နေခြင်းအပါအဝင် ဤလုပ်ဆောင်ချက်၏ အခက်အခဲများကို ရည်ညွှန်း၍ အထွတ်အထိပ်ခေါင်းဆောင်၏ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ကိုယ်စားလှယ်တော် က ချို့ယွင်းချက်အချို့ရှိသော်လည်း ပေးအပ်သော ဝန်ဆောင်မှုများ၏ သင့်လျော်သော အရည်အသွေးသည် ရိုးသားသော ဝန်ထမ်းများ၏ ချီးကျူးဖွယ်ကောင်းသော ကြိုးပမ်းအားထုတ်မှုများကို ထင်ဟပ်စေသည် ဟု မှတ်ချက် ပြုပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် နဝါဗ် က အလုပ်၏ နာမ်ပိုင်း ရေးရာရှု ထောင့်များ ကို ပိုမိုအာရုံစိုက်ရန် အကြံပေးခဲ့ပြီး ဝန်ထမ်းများအား မိမိ တို့၏ ဝန်ဆောင်မှုများ၏ တန်ဖိုးကို မြှင့်တင်ရန်နှင့် အလ္လာဟ် နှစ်မြို့မှုဆိုသည့် နီယသ် ဖြင့် ၎င်းတို့ကို ပိုမို စေရန်၊ ချက်ပြုတ်ချိန်တွင် အလ္လာဟ်ဟို အရှင်မြတ် သခင်ကို အောက်မေ့ရန်နှင့် ဝဇူရှိနေရန် မြတ်အလ္လာဟ်ချီးမြှင့်သည့် ဤမြင့်မြတ်သော အခွင့်အရေးကို လက်မလွတ်ရန် မိန့်ကြားခဲ့ပါတယ်။
ပြီးနောက် ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ ကျန်းမာရေးနှင့် အောင်မြင်မှုအတွက် ဆုတောင်း ပေးခဲ့ပြီး ဇေယာရသ်ပြုသူများ (ဟဂျ်လုပ်မည့်သူများ) ကို ဝန်ဆောင်မှုပေးသည့် လမ်းကြောင်းကို ဖွင့်ထားပေးဖို့၊ အထူးသဖြင့် ရမ်ဒွါန်စစ်ပွဲ၏ အာဇာနည်များ နှင့် မရ်ဟွန်မ်များ အတွက် ကရုဏာနှင့် ခွင့်လွှတ်မှုရရှိရန် ဆုတောင်းခဲ့ပါတယ်။
ထို့အပြင် မဒီနာမြို့၏ ဗဟိုမီးဖိုချောင်သို့ သွားရောက်ကြည့်ရှု စဉ် ဟဂ်ျ နှင့် ဇေယာရသ် အဖွဲ့အစည်း၏ ဥက္ကဋ္ဌ အလီရေဇာ ရာရှီဒီယန် က ဘာသာရေးထုံးတမ်းစဉ်လာများ ဆောင်ရွက်ခြင်းတွင် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး၏ အရေးပါသောအခန်းကဏ္ဍကို အလေးပေးပြောကြားခဲ့ပြီး တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့် အအေမဟ် မဇ်လူးမ်ဗကီးအ် (အ.စ) ၏ ဧည့်သည်များ ကို ဧည့်ခံကျွေးမွေးခြင်း လက်ရှိခက်ခဲသောအခြေအနေများတွင် ဤ အဆောက် အအုံ၏ ဝန်ထမ်းများ၏ ၂၄ နာရီပတ်လုံး ကြိုးပမ်းအားထုတ်မှုများကို ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့ပါတယ်။
သူက ဆက်လက်ပြောကြားရာတွင် ကျန်းမာသောအာဟာရသည် ကျန်းမာရေး၏အစဖြစ်ပြီး နှစ် ၂၀ ကြာ ဤခရီးကို စောင့်ဆိုင်းခဲ့ကြသော အချို့ ဇေယာရသ်ပြုသူများ နှင့် ကျွန်ုပ်တို့၏ အခြား ဇေယာရသ်ပြုသူ များသည် မိမိ တို့၏ ဇေယာရသ် ပြုသူများ ခရီးမှ အပြည့်အဝအကျိုးကျေးဇူးရရှိနိုင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး နှင့် ၎င်းတို့၏လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန် လိုအပ်သောခွန်အားရှိရမည်ဟု ဖြစ်ပါတယ်။
အမြင့်မြတ်ဆုံးသော ကရုဏာတော်ရှင်၏ ဧည့်သည်များကို ဝန်ဆောင်မှုပေးရာတွင် နာမ်ပိုင်း ရေးရာ ရပ်တည်ချက်ကို ရှင်းပြရာတွင် ဟဂ်ျ နှင့် ဇေယာရသ် အဖွဲ့အစည်း၏ အကြီးအကဲက ထပ်လောင်း ပြောကြားရာတွင် သန့်ရှင်းရေးဆိုင်ရာ ကိစ္စရပ်များကို ဂရုစိုက်ခြင်းမှ အစားအစာချက်ပြုတ်ခြင်းနှင့် အရသာ ရှိစေခြင်း အထိ ချက်ပြုတ်ခြင်း၏ အဆင့်အမျိုးမျိုးတွင် ကြိုးစားအားထုတ်သူတိုင်းသည် တမန်တော်မြတ် (ဆွ)၊ ဟာဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) နှင့် ဗကီးအ် ၏ အာဇာနည် အေမာမ်များ (အ.စ) ကို ဧည့်ခံနေခြင်း ဖြစ်ပါ တယ်။
ဤဝန်ဆောင်မှုသည် အလ္လာဟ် ဟို အရှင်မြတ် ၏ ရှေ့တော်မှောက်တွင် ဘယ်တော့မှ ပျောက်ဆုံး မည် မဟုတ် ကြောင်း အကြီးအကဲများ (မအ်စူမ်(အ.စ)) ၏ သဘောတူထောက်ခံ ချက်ကြောင်း ဖြစ်ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment