၈ မေ ၂၀၂၆ - ၀၈:၅၈
တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်းများ အဂတိလိုက်စားမှုအတွက် သေဒဏ်ချမှတ် ခံရ

အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် ဒေါ်နယ်ထရမ့်၏ ပေကျင်းခရီးစဉ်အတွက် ပြင်ဆင်နေချိန်တွင် တရုတ် ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးဖြစ်သည့် ဝေဖန်ဟီနှင့် လီရှန်ဖူးတို့ကို အဂတိလိုက်စားမှုအတွက် သေဒဏ် ချမှတ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Farsnews၏အစီရင်ခံစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်နေချိန်တွင် တရုတ် ကာကွယ်ရေးဝန်ကြီးဟောင်းများ၏ သေဒဏ်ချမှတ်မှုများသည် မေလ၇ ရက်နေ့ ၂၀၂၆ခုနှစ် ကြာသပတေးနေ့တွင် သတင်းခေါင်းစဉ်များတွင် ပါဝင်လာခဲ့ပါတယ်။

 အစိုးရပိုင် Xinhua သတင်းဌာနက ကြာသပတေးနေ့တွင် ဝေဖန်ဟီနှင့် လီရှန်ဖူးနှစ်ဦးစလုံးကို အဂတိလိုက်စားမှု စွဲချက်များဖြင့် နှစ်နှစ်တာ ဆိုင်းငံ့ထားခြင်းဖြင့် သေဒဏ်ချမှတ်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ တရုတ်ကာကွယ်ရေး ဝန်ကြီးဟောင်းများကို ၂၀၂၄ ခုနှစ်တွင် အာဏာရကွန်မြူနစ်ပါတီမှ ထုတ်ပယ်ခဲ့ပြီး ၎င်းတို့အား ထုတ်ပယ်ရခြင်း၏ အကြောင်းရင်းမှာ "စည်းကမ်းချိုးဖောက်မှုပြင်းထန်ခြင်း" ဟု ဖော်ပြထားပြီး အဂတိလိုက်စားမှုကို ရည်ညွှန်းသည့် အသုံးအနှုန်းဖြစ်ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်းများ အဂတိလိုက်စားမှုအတွက် သေဒဏ်ချမှတ် ခံရ

လက်ရှိတရုတ်ဥပဒေအရ ပြစ်ဒဏ်ချမှတ်ခံရသူသည် ဆိုင်းငံ့ထားသောကာလအတွင်း ရာဇဝတ်မှု အသစ် မကျူးလွန်ပါက ဆိုင်းငံ့ထားသော သေဒဏ်များကို ထောင်ဒဏ်တစ်သက်အဖြစ် ပြောင်းလဲလေ့ရှိပြီး ပြစ်ဒဏ် ချမှတ်ခံရ သူသည် ကောင်းမွန်စွာပြုမူပါက ပိုမိုလျှော့ချနိုင်ကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha