၉ မေ ၂၀၂၆ - ၀၅:၀၁
အီရန်ဟာဂျီလောင်း ၁၆၀၀၀ ကျော် မဒီနာသို့ ရောက်ရှိလာ / ၆၀၀၀ မက္ကဟ် သို့ ထွက်ခွာ

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံရှိ ဟဂျ်အဖွဲ့အစည်းက အီရန်ဟာဂျီလောင်း ၁၆၀၀၀ ကျော်သည် လေယာဉ် ၇၈ စင်းဖြင့် မဒီနာသို့ ရောက်ရှိလာပြီး ၎င်းတို့အနက် ၆၀၀၀ နီးပါးကို မက္ကဟ် သို့ ထွက်သွားပြီး ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNAသတင်းဌာန၏အစီရင်ခံစာအရ အီရန်ဟဂျ်ခရီးသွားအဖွဲ့၏ အကြီးအကဲ  ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ် မီ ၏ ဟဂျ်ရေးရာ ကိုယ်စားလှယ်တော် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် နဝါဗ် ၏ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် မဒီနာတွင် ကျင်းပသော အစည်းအဝေးတွင်  ဤသတင်းကို  ကြေညာ ခဲ့ခြင်းဖြစ်ပါတယ်။

ယခုနှစ် ဟဂျ်ရာသီအတွင်း အဖွဲ့အစည်း၏ လုပ်ဆောင်ချက်များအကြောင်း အစီရင်ခံစာတင်ပြစဉ် ဟာဂျီလောင်း ခုနစ်ထောင်သည် တမန်တော်မြတ် (ဆွ) ၏ ရောင်ဇာတော်မြတ် သို့ သွားရောက် ဇေယာရသ် ပြုခဲ့ကြပြီး ဤလမ်းကြောင်းသည် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

မဒီနာတွင် ဟဂျ်ခရီးသွားအဖွဲ့ သယ်ယူပို့ဆောင်ရေးအတွက် တာဝန်ရှိသူ ဆယက်ဒ်အလီ မရ်အရှီ က အစီရင်ခံ စာတင်ပြစဉ်တွင် ဘတ်စ်ကား ၂၆၄ စီးကို အသုံးပြု၍ လူ ၁၀၇၀၀ ကို သယ်ယူပို့ဆောင်ခဲ့ပြီး လူ ၂၇၀ သည် အထူးဇေယာရသ် ခရီးစဉ်များ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဟာဂျီလောင်းများ ထွက်ခွာရန်အတွက် ရထားအစီအစဉ်များကို ကြီးမားသော ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့ ပြီး ယနေ့တွင် လူပေါင်း ၂၀၀၀ ကျော်ကို မဒီနာမှ မက္ကဟ် သို့ ပို့ဆောင် ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha