၁၅ မေ ၂၀၂၆ - ၁၂:၀၉
ယူအေအီး၏ နောက်ထပ် အရှက်ကွဲဖွယ်လုပ်ရပ် / စစ်ကာလအတွင်း နေတန်ယာဟု၏ အဘူဒါဘီခရီးစဉ်၊ တော်ဝင်အဆင့် ကြိုဆိုမှု

ယူအေအီး၏ နောက်ထပ် “သစ္စာဖောက်မှု” ဟု သတ်မှတ်ခံရသော ဖြစ်ရပ်တစ်ခုမှာ အီရန်ကို ဆန့်ကျင်သော တိုက်ခိုက်မှုများ အတွင်း ကလေးသတ်ဖြတ်သူဟု စွပ်စွဲခံထားရသော အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ယူအေအီးခရီး စဉ် ပေါ်ထွက်လာခဲ့ပါတယ်။ ယူအေအီးဘက်က ထိုသတင်းကို ပြင်းထန်သော အသုံး အနှုန်း များဖြင့် တရားဝင် ငြင်းဆိုခဲ့သော်လည်း နေတန်ယာဟု၏ အရင် ပြောရေးဆိုခွင့်ရှိသူက ထိုခရီးစဉ်ကို အတည် ပြုခဲ့ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

“မစည်းလုံးသော အာရပ်စော်ဘွားများပြည်ထောင်စု” သည် စစ်အတွင်းမှာပင် နေတန်ယာဟု၏ ယူအေအီးခရီး စဉ်နှင့် မိုဟမ္မဒ်ဘင်န် ဇါဟစ်ဒ် အာလေ့ နဟ်ယာန် ၏ တော်ဝင်အဆင့် ဧည့်ခံမှုကို ငြင်းဆိုခဲ့ပါတယ်။ သို့သော် အစ္စရေးဝန်ကြီးချုပ်ရုံးက “နေတန်ယာဟုသည် ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ယူအေအီးသို့ လျှို့ဝှက်ခရီးစဉ် သွားရောက်ခဲ့ပြီး ယူအေအီးသမ္မတ မိုဟမ္မဒ်ဘင်န် ဇါဟစ်ဒ် အာလေ့ နဟ်ယာန် နှင့် တွေ့ဆုံခဲ့ပါတယ်။ ယင်းသည် နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် နိုင်ငံရေးအရ သမိုင်းဝင် အောင်မြင်မှုတစ်ခု ဖြစ်သည်” ဟု ကြေညာထားခဲ့ပါတယ်။

ယခုအခါ နေတန်ယာဟု၏ အရင် ပြောရေးဆိုခွင့်ရှိသူ “Ziv Agmon” ကလည်း ထိုခရီးစဉ်ကို အတည်ပြုခဲ့ပြီး “ဝန်ကြီးချုပ်ကို အဘူဒါဘီတွင် တော်ဝင်အဆင့် ဧည့်ခံခဲ့ကြောင်း  မိုဟမ္မဒ်ဘင်န် ဇါဟစ်ဒ် အာလေ့ နဟ်ယာန် နှင့် သူ၏ မိသားစုဝင်များ၊ အခြား အရေးပါသူများက ကျွန်ုပ်တို့ကို ကြိုဆိုခဲ့ကြကြောင်း ရှိက်ခ် သည် ဝန်ကြီးချုပ် အပေါ် အထူးလေးစားမှု ရှိခဲ့ပြီး နေတန်ယာဟုကို ကိုယ်တိုင် ကားပေါ်တင်ကာ နန်းတော်သို့ ခေါ်ဆောင်သွား ခဲ့သည်” ဟု ရေးသားခဲ့ပါတယ်။

ထို့ပြင် အီရန်အပေါ် အမေရိကန်၊ဇိုင်ယွန် ပူးပေါင်းတိုက်ခိုက်မှု၏ ပထမအဆင့်သည် ယူအေအီးမှ စတင်ခဲ့ ကြောင်း၊ စစ်အတွင်း အမေရိကန်နှင့် အစ္စရေးတို့ အရှက်ရဖွယ် ရှုံးနိမ့်မှု ကြုံတွေ့ခဲ့ရပြီး ယင်းတို့သည် မိမိတို့၏ ရှုံးနိမ့်မှုကို လက်တွေ့အားဖြင့် ဝန်ခံထားကြောင်း၊ သို့သော် ယူအေအီး၏ အာလေ့  နဟ်ယန် မျိုးနွယ်နှင့် ဘာရိန်း၏ အာလေ့ ခလီဖာ မျိုးနွယ်တို့က “အောင်ပွဲ” ဟု ကြေညာခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha