၂၁ မေ ၂၀၂၆ - ၁၂:၅၇
မိမိ၏ ပြုမှုဆက်ဆံမှု အား ပြန်လည်စဥ်းစားခြင်း

မိမိကိုယ်ကို ရှီအဟ်မွတ်စလင်မ် တစ်ယောက် အဖြစ် ခံယူထားသူတစ်ဦးအနေ နှင့် မိမိ၏ ပြုမှုဆက်ဆံမှု အား ပြန်လည်စဥ်းစား စီစစ်သင့်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မိမိကိုယ်ကို ရှီအဟ်မွတ်စလင်မ် တစ်ယောက် အဖြစ် ခံယူထားသူတစ်ဦးအနေနှင့်

လူမှုရေးအကြောင်းအရာကြောင့်ဖြစ်စေ

အခြားအကြောင်းအရာများကြောင့်ဖြစ်စေ

အခြားသော မိုအ်မင် သို့မဟုတ် မိုအ်မေနသ် များအား

မခေါ်မပြောတော့ဘဲ ဆက်ဆံရေး ဖြတ်တောက်ထားချိန်တွင်

ယုတ်စွာ တစ်ဖက်သားက

“စလာမ် ... ” ဟုပြောဆို ကာ ပြန်လည်ဆက်သွယ်လာသောအခါ

အဖြေမပြန်ဘဲ မသိသလို ဆက်ဆံနေမိသည်ဆိုပါက ထိုအချိန်အခိုက်အတန့်တွင်

«  ငါသည် အေမာမ် ဟိုစိုင်းန် (အ.စ) ထက် ပိုမြင့်မြတ်နေပါသလား? »

« တစ်ဖက်သား မိုအ်မင် ၊ မိုအ်မေနသ် သည် ကာဖရ် သို့မဟုတ် ဟဇရသ် ဟူးရ် ထက် ပိုမိုဆိုးရွားနေသလား?  »

ဟူသော မေးခွန်းများကို မိမိကိုယ်တိုင် မေးပြီး စဉ်းစားသင့်ပါတယ်။

ထို့အပြင်

မိမိက သူတို့အား ဆက်ဆံသည့် အပြုအမူကို

အလ္လာဟ်၊

ရစူလ် (ဆွ)၊

ဘီဘီ ဖွာတွေမဟ် (စ.အ)၊

အေမာမ် ၁၂ ပါး (အ.စ) တို့က

မိမိအား ထိုသို့ပင် ပြန်လည် ဆက်ဆံခဲ့မည်ဆိုပါက

မိမိ စိတ်ချမ်းသာနိုင်ပါမည်လား ? ဆိုသည်ကိုလည်း

လေးနက်စွာ စဉ်းစားကြပါရန် လိုအပ်ပါကြောင်း တင်ပြအပ်ပါတယ်။

عَنْ أَبِي عَبْدِ اللَّهِ (عليه السلام):

«مِنْ حَقِّ الْمُؤْمِنِ عَلَى الْمُؤْمِنِ… إِذَا سَلَّمَ عَلَيْهِ أَنْ يَرُدَّ عَلَيْهِ»

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော်မူသည်။

«  မိုအ်မင်တစ်ဦး၏ အခြားမိုအ်မင်အပေါ်ရှိ ထမ်းဆောင်ရမည့် တာဝန် ဝတ္တရားများ ထဲမှ တစ်ခုမှာ သူက စလာမ်ပေးလာပါက ပြန်လည်တုံ့ပြန်ရခြင်းဖြစ်ပါသည်။  »

ကာဖီကျမ်း ၊ အတွဲ ၂

မိုအ်မင်အချင်းချင်း အငြိုးအတေးများကင်းနိုင်ကြပါစေ ။ စိတ်ထားလှလှများ ထားနိုင်ကြပြီး ကိုယ်ချင် စာစိတ် များ၊ ဖြေတွေး စိတ်များထားနိုင်ကြပါစေ။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha