အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟာဂျီကရီးမ်ခန်း မှပေးသည့် သင်ခန်းစာ အဖြစ် ဟာဂျီကရီးမ်ခန်း နှင့် သူအကြွေးယူထားသည့် ဆိုင်ရှင် တို့ စကားပြောထားသည် ကို တင်ပြလိုက်ပါတယ်။
ဟာဂျီကရီးမ်ခန်း ဟဂျ်လုပ်ပြီး ပြန်လာပါတယ်။
မိမိ အကြွေးယူထားသည့် ဆိုင်ရှင်ထံ သွားခဲ့ပါတယ်။
ဆိုင်ရှင်က ဟာဂျီကရီးမ်ခန်း ကို မြင်ပြီး အရမ်းပျော်သွားပါတယ်။ ဘာကြောင့် ဟဂျ်ကနေပြန်လာပြီးဆိုတော့ အကြွေးတွေ အကုန်ဆပ်တော့မည်ဆိုသည့် အတွေးကြောင့် ဖြစ်ပါတယ်။
ဟာဂျီကရီးမ်ခန်း ရောက်လာပြီး ... ဆိုင်ရှင်ကို စလာမ်ပေး ၊ အခြေအနေမေးပြီး မေးပါတယ်။
အလီဘိုင့် ... ကျနော်ကို အကြွေးစာရင်း စာအုပ် တစ်ချက်လောက် ထုတ်ပေးပါ။
ဟာဂျီကရီးမ်ခန်း အကြွေးဆပ်တော့မလို့လား?
မဟုတ်ပါဘူး ... အလီဘိုင့် ... အကြွေးစာအုပ် မှာ ကရီးမ်ခန်း ပဲရေးထား လို့ ဟာဂျီ ဆိုတာလေးကော် ထည့်ရေးပေးပြီး ဟာဂျီကရီးမ်ခန်း အကြွေးလို မှတ်ပေးဖို့လာပြောတာပါ။
မှတ်ချက် - စာရူသူ အတွက် ဟာသ ဖြစ်နေပေးမဲ့ ပညာပေးထားပါတယ်။ ပေးထားတဲ့ပညာကတော့ အကြွေးတွေ မဆပ်သေးပဲ ဟဂျ်မလုပ်ဖို့ ၊ လူတွေအတွက် ဟဂျ်မလုပ်ပဲ အလ္လာဟ် ၏နှစ်သက် မှု အတွက် သာ ဟဂျ် လုပ်ဖို့ ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment