အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟဇရသ် မွတ်စလင်မ်ဘင်န်အကီးလ် (အ.စ) ၏ ရှဟာဒသ် ဖြစ်စဉ်ကို သမိုင်းအထောက်အထားများနှင့်အညီ အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြအပ်ပါတယ်။
၁။ နောက်ခံသမိုင်း
အေမာမ် ဟိုစိုင်းန် (အ.စ) သည် ကူဖာမြို့သားတို့၏ ဖိတ်ကြားချက်အရ မိမိ၏ တရားဝင် ကိုယ်စားလှယ်တော် အဖြစ် ဟဇရသ် မွတ်စလင်မ်ဘင်န်အကီးလ်ကို ကူဖာမြို့သို့ စေလွှတ်ခဲ့ပါတယ်။ မွတ်စလင်မ်ဘင်န်အကီးလ်သည် အေမာမ် ဟိုစိုင်းန် (အ.စ) ဆွေမျိုးတော်စပ်ဖြစ်ပြီး ညီအစ်ကို တစ်ဝမ်းကွဲတော်ပြီး (ဟဇရသ် အလီ (အ.စ) ၏ အစ်ကိုတော် အကီးလ်၏ သားဖြစ်ပါတယ်။ )၊ ထူးချွန်သော စစ်ဗျူဟာပညာရှင်နှင့် ယုံကြည်စိတ်ချရသူတစ်ဦး ဖြစ်ပါတယ်။
၂။ ကူဖာမြို့သို့ ရောက်ရှိခြင်းနှင့် ပြောင်းလဲသွားသော အခြေအနေ
ကူဖာသို့ရောက်သောအခါ ထောင်ပေါင်းများစွာသော လူထု သည် က ဟဇရသ် မွတ်စလင်မ်ဘင်န်အကီးလ် (အ.စ) ၏ လက်ကို ကိုင်၍ အေမာမ် ဟိုစိုင်းန် (အ.စ) အား သစ္စာခံကြပါတယ်။ သို့သော်လည်း အိုမိုင်းယာမင်းဆက် ယဇီးဒ်(လ.န) ၏ အမိန့်ဖြင့် ကူဖာမြို့စားအဖြစ် ခန့်အပ်လိုက်သော အိုဘိုင်ဒွလ္လာဟ် ဘင်န် ဇီယာဒ် (လ.န) ရောက်ရှိ လာပြီးနောက် အခြေအနေများ ချက်ချင်းပြောင်းလဲသွားခဲ့ပါတယ်။ ခြိမ်းခြောက်မှုများ၊ လာဘ်ပေးမှုများကြောင့် သစ္စာခံထားသူအများစုမှာ ကြောက်လန့်ပြီး ထွက်ပြေးကုန်ကြပါတယ်။
၃။ နောက်ဆုံးတိုက်ပွဲနှင့် ရှဟာဒသ်
နောက်ဆုံးတွင် ဟဇရသ် မွတ်စလင်မ်ဘင်န်အကီးလ် (အ.စ) သည် ကူဖာမြို့တွင် တစ်ဦးတည်းသော အကူ အညီမဲ့သူ ဖြစ်သွားခဲ့ရပါတယ်။ သို့သော်လည်း ဟဇရသ် မွတ်စလင်မ်ဘင်န်အကီးလ် (အ.စ) သည် နောက် မဆုတ် ခဲ့ပါ။ အိမ်တစ်အိမ်တွင် ခိုလှုံနေစဉ် ရန်သူတို့က ဝန်းရံခံရပြီး တစ်ကိုယ်တော် ရဲရင့်စွာ တိုက်ခိုက်ခဲ့ပါတယ်။
သမိုင်းမှတ်တမ်းများ (ဥပမာ - မက္ကတယ်လ်အလ်ဟိုစိုင်းန် စာအုပ်များတွင် ဖော်ပြချက်အရ)၊ ဟဇရသ် မွတ်စလင်မ်ဘင်န်အကီးလ် (အ.စ) ၏ တိုက်ခိုက်မှု သည် အလွန်အံ့ဩဖွယ်ကောင်းပြီး ရန်သူများပင် တုန်လှုပ် ချောက်ချားခဲ့ရပါတယ်။ နောက်ဆုံးတွင် ရန်သူတို့သည် အိမ်ခေါင်မိုးပေါ်မှ ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ခြင်းနှင့် တွင်းနက်တစ်ခု တူး၍ ထောင်ချောက်ဆင်ခြင်းတို့ဖြင့်သာ သူ့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
၄။ အထောက်အထားနှင့် သက်ရောက်မှု
ဟဇရသ် မွတ်စလင်မ်ဘင်န်အကီးလ် (အ.စ) ကို ကူဖာမြို့၏ အထင်ကရနေရာတွင် ဟီဂျရီသက္ကရာဇ် ၆၀ ခုနှစ် ဇေလ်ဟဂျ်ဂျဟ်လ ၏ ၉ ရက်နေ့ တွင် ရှဟီးဒ်လုပ် ခံခဲ့ရပါတယ်။ ဟဇရသ် မွတ်စလင်မ်ဘင်န်အကီးလ် (အ.စ) သည် ရှဟီးဒ် ဖြစ် ချိန်အထိ အေမာမ် ဟိုစိုင်းန် (အ.စ) လျှောက်လှမ်းသည့် အမှန်တရားကို စောင့်ထိန်းခဲ့ပြီး၊ အေမာမ် ဟိုစိုင်းန် (အ.စ) ထံသို့ ကူဖာမြို့သားတို့သည် သစ္စာဖောက်ခဲ့ကြကြောင်း ၊ အေမာမ် အနေဖြင့် ကူဖာသို့ မကြွလာပါနှင့် ဟူသော သတင်းစကားကို နောက်ဆုံးအချိန်အထိ ပေးပို့ခဲ့ပါတယ်။
ဟဇရသ် မွတ်စလင်မ်ဘင်န်အကီးလ် (အ.စ) ၏ ရှဟာဒသ်မှ သင်ခန်းစာများ
(၁) သစ္စာစောင့်သိမှု - ပတ်ဝန်းကျင်အခြေအနေ မည်သို့ပင် ဆိုးရွားပါစေ၊ မိမိ၏ ခေါင်းဆောင်အပေါ် သစ္စာ ရှိခြင်း။
(၂) စွန့်လွှတ်အနစ်နာခံမှု - ကိုယ်ကျိုးအတွက်မဟုတ်ဘဲ အမှန်တရားအတွက် မိမိ၏ အသက်ကို စတေးခြင်း။
(၃) ရဲရင့်မှု - အားနည်းချက်၊ အကူအညီမဲ့နေချိန်၌ပင် အမှန်တရားအတွက် နောက်ဆုံးအချိန်အထိ ရပ်တည် သွားခြင်း။
ဟဇရသ် မွတ်စလင်မ်ဘင်န်အကီးလ် (အ.စ) ၏ ရှဟာဒသ်သည် အစ္စလာမ့်သမိုင်းတွင် မတရားမှုကို တော်လှန်ခြင်း ၏ အကြီးမားဆုံးသော ဥပမာတစ်ခုအဖြစ် ကျန်ရစ်ခဲ့ပြီး၊ ဟဇရသ် မွတ်စလင်မ်ဘင်န်အကီးလ် (အ.စ) ၏ အုတ်ဂူတော် ၊ ဗိမာန်တော် သည် ယနေ့တိုင် ကူဖာမြို့တွင် ရှိနေကာ မွတ်စလင်မ်တို့၏ လေးစား ကြည်ညိုမှုကို ခံယူလျက်ရှိပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment