အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawzahnews၏အစီရင်ခံစာအရ ဘာရိန်း၊ အာရပ်စော်ဘွားများပြည်ထောင်စု နှင့် ဒေသတွင်းရှိ အမေရိကန်နှင့် အစ္စရေး၏ ကိရိယာများ ဖြစ်လာသော နိုင်ငံများ၏ ပြဿနာတွင် အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ ခေါင်းဆောင်များအား ဘယ်တော့မှ အလျှော့မပေးရန် ကျွန်ုပ် တောင်းဆိုကြောင်း အာယာသွလ္လာဟ် ဖွာဇေလ် လန်ကရာနီ မိန့်ကြားခဲ့ပါတယ်။
အာယာသွလ္လာဟ် မိုဟမ္မဒ်ဂျဝါဒ် ဖွာဇေလ်လန်ကရာနီ သည် ကွမ်းမြို့တော်တွင် ဘာရိန်းပညာရှင်နှင့် ကျောင်းသား ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ဘာရိန်းနိုင်ငံ၏ လက်ရှိအခြေအနေအပေါ် မိမိ ၏ နက်ရှိုင်းသော စိုးရိမ်မှုကို မိန့်ကြားခဲ့ပြီး အာလေ့ ခလီဖဟ် ၏ လုပ်ရပ်များကို ရှုတ်ချခြ့ပါတယ်။
ဘာရိန်းပညာရှင်များကို ဖမ်းဆီးခြင်းသည် အိုမိုင်းယဟ် နှင့် ဘနီအဘာစ် ခေတ်များ၏ ဖိနှိပ်ချုပ်ချယ်မှုခေတ်ကို သတိရစေသည်ဟု ဖော်ပြခဲ့ပြီး အာလေ့ခလီဖဟ် ကို “ ဖိနှိပ်မှုနှင့် ကုဖ်ရ် ည်မှု၏ ကျူးလွန်သူများ” အဖြစ် မိန့်ကြား ခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့် သကီယဟ် အတွက် အချိန်ကုန်ဆုံးသွားပြီဟုမိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး အာလင်မ်များ၏ ကြံ့ကြံ့ခံမှု ၊ ရှီအဟ် အာလင်မ်များအား ပစ်မှတ်ထားခံရခြင်းသည် ၎င်းတို့၏ လမ်းကြောင်း (ဟိုစိုင်းန်နီလမ်းကြောင်း) ၏ မှန်ကန်မှုနှင့် ခွန်အားကို သက်သေပြခြင်းဖြစ်ကြောင်း ဘာရိန်း ပညာရှင်များနှင့် ပြည်သူများ၏ ခိုင်မာသောလက္ခဏာ အတွက် ဂုဏ်ယူ ကြောင်း အလေးပေး မိန့် ကြား ခဲ့ပါတယ်။
အီရန်ပြည်သူများ၊ မရ်ဂျအ်တော်များ နှင့် ဟောင်ဖေအေလ်မီယဟ်များ သည် ဘာရိန်းပြည်သူများ၏ ပြဿနာများ ကို မိမိ တို့၏ကိုယ်ပိုင်ပြဿနာများအဖြစ် သတ်မှတ်ကြောင်း အခြေအနေပေးပါက အီရန်တွင် အာလေ့ခလိဖဟ် ကို ဆန့်ကျင်သည့် ကြီးမားသောဆန္ဒပြပွဲများ ကျင်းပမည် ဖြစ်ကြောင်းလည်း မိန့်ကြားခဲ့ပါတယ်။
ထပ်လောင်း၍ အမေရိကန်နှင့် အစ္စရေး၏ ကိရိယာများဖြစ်လာသော ဒေသတွင်းနိုင်ငံများမှ အုပ်ချုပ်သူများကို အာလင်မ် များသည် နိုင်ငံ၏မြို့တော်ဖြစ်သောကြောင့် မိမိတို့ ၏ပြည်သူများနှင့် အာလင်မ်များ ကို ကောင်းမွန်စွာ ဆက်ဆံသင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။
အီရန်သည် ညီအစ်ကိုဆက်ဆံရေးကို အမြဲတမ်းကမ်းလှမ်းခဲ့ပြီး ဒေသတွင်းရှိ လက်ရှိပြဿနာများအားလုံး၏ အရင်းအမြစ်မှာ အမေရိကန်နှင့် အစ္စရေး၏ ဝင်ရောက်စွက်ဖက်မှုဖြစ်ကြောင်း အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတ အစိုးရအတွက် အမေရိကန်နှင့် အစ္စရေး၏ အကျိုးစီးပွားအတွက် လုပ်ဆောင်နေသော နိုင်ငံများနှင့် အလျှော့မပေးရန် တိုက်တွန်းကြောင်းကိုလည်း အာယာသွလ္လာဟ် မိုဟမ္မဒ်ဂျဝါဒ် ဖွာဇေလ်လန်ကရာနီ ကရာနီ မိန့်ကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment