အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
" ညီအစ်ကိုမောင်နှမများခင်ဗျာ ၊ စလာမ်မွန်းအလိုင်းကွမ်းမ်။ ကျွန်တော်(ဂျွန်-ဘက်မလိုက်ပါကစ္စတန် သတင်းထောက်) အခု ဘလူချစ္စတန် (အီရန်) မှာ ရှိနေပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဂျုံသိုလှောင်ရုံတွေ တိုက်ခိုက်ခံခဲ့ရတာကို ခင်ဗျားတို့ မှတ်မိကြမယ်လို့ ထင်ပါတယ်။ ကျွန်တော့်နောက်မှာ မြင်နေရတာကလည်း အဲဒီဂျုံသိုလှောင်ရုံပဲ ဖြစ်ပါတယ်။ ဒီနေရာကို လူတွေ လာပြီး သူတို့ရဲ့ ဂျုံတွေကို သိုလှောင်လေ့ရှိကြပါတယ်။
ဒီနေရာကို ဒုံးကျည်တစ်စင်း ကျရောက်ခဲ့ပါတယ်။ အခုမြင်နေရသလို ဂျုံတွေဟာ မြေပြင်အနှံ့ ပြန့်ကျဲနေပါတယ်။ ဒီနေရာမှာ လူ ၈ ဦး သေဆုံးခဲ့တယ်လို့ ပြောကြပါတယ်။ ဒီမြေပြင်ကိုလည်း ကြည့်ပါဦး။ နေရာတစ်ခုလုံး ပျက်စီးသွားပြီး လမ်းလည်း ကွဲအက်ပျက်စီးနေပါတယ်။ ရှေ့မှာ မြင်နေရတာကတော့ ဂျုံသိုလှောင်ရုံ ဖြစ်ပါတယ်။
လူတွေက ကျွန်တော့်ကို 'ဂျွန်ဘိုင့် ဘာကြောင့် ဒီလိုဗီဒီယိုတွေကို ပြနေတာလဲ?ဘာကြောင့် ဒီအချက်အလက်တွေကို မျှဝေနေတာလဲ?လို့ မေးကြပါတယ်။
ညီအစ်ကိုတို့ရေ... ဒါဆို ကျွန်တော်က ဘယ်လိုဗီဒီယိုမျိုးကို ပြရမှာလဲ။ စစ်ရေးနဲ့ဆိုင်တဲ့ နေရာတွေကိုပဲ ပြရမှာလား?ကျွန်တော် ဘာကို ပြောပြရမှာလဲ? ဥပမာ ရေနံချက်စက်ရုံ (Refinery) အကြောင်း ဗီဒီယိုတစ်ခု ရိုက်တင်တုန်းကလည်း 'ဘာကြောင့် အဲဒီရေနံချက်စက်ရုံကို ပြတာလဲ' လို့ ပြောကြပါတယ်။ညီအစ်ကိုတို့၊ အမေရိကန်မှာ ဂြိုဟ်တုနည်းပညာ (Satellite Technology) ရှိပါတယ်။ ဒါတွေက လူတိုင်း ကြည့်ရှုနိုင်တဲ့ အများပြည်သူသိရှိနိုင်တဲ့ အချက်အလက်တွေပါ။ အမေရိကန်ဘက်က 'စစ်ရေးပစ်မှတ် အများအပြားကို တိုက်ခိုက်ခဲ့တယ်' လို့ ပြောထားတဲ့ နေရာတွေကိုပဲ ကျွန်တော် လိုက်ပြခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အမေရိကန် ၏လိမ်ညာ သတင်းများကို ဖော်ထုတ်ပြခြင်းဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment