၂၂ ဇူလိုင် ၂၀၂၆ - ၂၃:၅၇
အမေရိကန်၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေသရွေ့ ဟော်မုဇ်ရေလက်ကြားကို မည်သည့်အခါမျှ ပြန်ဖွင့်မည် မဟုတ်ကြောင်း အီရန် အတိအလင်း ကြေညာ

အီရန်ဘက်မှ ထုတ်ပြန်သော ကြေညာချက်တွင် အမေရိကန်က အီရန်အပေါ် စစ်ရေးအရေးယူမှုများ ဆက်လက် လုပ်ဆောင်နေသရွေ့ ဟော်မုဇ်ရေလက်ကြားကို ရေကြောင်းသွားလာရေးအတွက် ပြန်လည်ဖွင့်လှစ်မည် မဟုတ် ကြောင်း ဖော်ပြထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ အမေရိကန်က အီရန်အပေါ် စစ်ရေးဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်နေသရွေ့ ဟော်မုဇ်ရေလက်ကြားကို သင်္ဘောသွားလာရေးအတွက် ပြန်လည် ဖွင့်လှစ်မည် မဟုတ် ကြောင်း သိရပါတယ်။

ဟော်မုဇ်ရေလက်ကြား၏ လက်ရှိအခြေအနေသည် အမေရိကန်က ၎င်း၏ ရန်လိုသော စစ်ရေး လုပ်ဆောင်မှု များကို ရပ်တန့်ခြင်းမရှိသရွေ့ မည်သည့်ပြောင်းလဲမှုမျှ ဖြစ်လာမည်မဟုတ်ကြောင်းလည်း ဖော်ပြထားပါတယ်။

သတင်းအရ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ဦးက အီရန်သည် လက်ရှိအချိန်တွင် ဤအရေးပါသော ရေလမ်းကြောင်းကို မည်သည့်သင်္ဘောမျှ ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဟော်မုဇ် ရေလက်ကြားသည် အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ အပြည့်အဝ ထိန်းချုပ်မှုအောက်တွင် ရှိနေ ကြောင်း လည်း ၎င်းက ပြောဆိုခဲ့ပါတယ်။

သတင်းရင်းမြစ်များ၏ အဆိုအရ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်မည်လား သို့မဟုတ် လက်ရှိကန့်သတ်ချက်များကို ဆက်လက်ထားရှိမည်လားဆိုသည့် ဆုံးဖြတ်ချက်ကို နိုင်ငံ၏ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကိုသာ အခြေခံ၍ ချမှတ်သွားမည်ဖြစ်ကြောင်း အီရန်က ပြောကြားထားပါတယ်။

စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်က ထပ်မံပြောကြားရာတွင် အမေရိကန်၏ ခြိမ်းခြောက်မှုများနှင့် အီရန်အပေါ် စစ်ရေးအရေးယူမှုများ ဆက်လက်ရှိနေသရွေ့ ယင်းမူဝါဒတွင် မည်သည့်ပြောင်းလဲမှုမျှ ပြုလုပ်မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha