အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပါကစ္စတန်နိုင်ငံရှိ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ကိုယ်စားလှယ်တော် အလာမဟ် ဆယက်ဒ် စာဂျစ်ဒ် အလီ နကဝီ ၏ ချစ်လှစွာသောဇနီး ကွယ်လွန်ပြီးနောက် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ က မရ်ဟွန်မဟ် ၏ ကျန်ရစ်သူများ မိသားစု ဝင်များ အတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ကြီးမားသောဆုလာဘ် မြတ်အလ္လာဟ် ချီးမြှင့်ရန် ဒိုအာ တောင်းဆိုခဲ့ပါတယ်။
သဝဏ်လွှာ၏ စာသားမှာ အောက်ပါအတိုင်းဖြစ်သည်။
အလွန်ကရုဏာကြီးမားတော်မူသော၊ အလွန်သနားကြင်နာတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။
လေးစားအပ်ပါသော အစ်ကိုတော် အရှင်မြတ်၏ ဂုဏ်သရေတော်၊ အလာမဟ် ဆယက်ဒ် စာဂျစ်ဒ် အလီ နကဝီဒါမသ်ဗရ်ကာသိုဟ်
ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ကိုယ်စားလှယ်တော် ၏ ကိုယ်စားလှယ်တော် နှင့် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အဖွဲ့ဝင်
စလာမ်မွန်းအလိုင်းကွမ်း
ချစ်လှစွာသော ဇနီး ကွယ်လွန်သွားခြင်းအတွက် ကျွန်ုပ်၏ ဝမ်းနည်းကြေကွဲကြောင်း ပြောကြားလိုပါသည်။ အလ္လာဟ်အရှင်မြတ်ထံ မရ်ဟွန်မ်မဟ်အား ခွင့်လွှတ်တော်မှုရန် နှင့် အဆင့်တိုးမြှင့်ပေးရန်၊ လူကြီးမင်း နှင့် မရ်ဟွန်မ်မဟ်၏ကျန်ရစ်သူများအားလုံးအား စိတ်ရှည်သည်းခံခြင်းနှင့် ကြီးမားသော ဆုလာဘ် ပေးသနားတော်ရန် တောင်းဆိုအပ်ပါသည်။
إِنَّا لِلَّهِ وَإِنَّا إِلَیْهِ رَاجِعُونَ
ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ပိုင်ဆိုင်မှုဖြစ်ပြီး ထိုအရှင်မြတ်ထံ ပြန်လည်ရောက်ရှိကြမည်ဖြစ်ပါသည်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment