၃၀ မေ ၂၀၂၆ - ၂၃:၅၇
တောင်ပိုင်းလက်ဘနွန်ရှိ အစ္စရေးစစ်စခန်းများအပေါ် ဟစ်ဇ်ဘိုလာ မှ ဒုံးကျည် နှင့် ဒရုန်းတိုက်ခိုက်မှုများပြုလုပ်

ဟစ်ဇ်ဘိုလာသည် တောင်ပိုင်းလက်ဘနွန်ရှိ အစ္စရေးစစ်စခန်းများ၊ သံချပ်ကာယာဉ်များနှင့် စစ်စခန်းများကို ပစ်မှတ်ထားခဲ့ပြီး အစ္စရေးစစ်တပ်က လက်ဘနွန်မှ ရော့ကတ်နှစ်စင်း ထပ်မံပစ်ခတ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ လက်ဘနွန်ခုခံရေးအဖွဲ့ ဟစ်ဇ်ဘိုလာ သည် တောင်ပိုင်းလက်ဘနွန်ရှိ အစ္စရေး စစ်စခန်းများနှင့် စုဝေးမှုများကို ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ပြီး အစ္စရေး စစ်တပ်ကလည်း လက်ဘနွန်မှ ရော့ကတ်များ ပစ်ခတ်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

မီဒီယာသတင်းများအရ တောင်ပိုင်းလက်ဘနွန်ရှိ ယဟ်မား အလ်ရှာကီဖ် ဒေသတစ်ဝိုက်ရှိ အစ္စရေး စစ်စခန်းများ နှင့် ဝန်ထမ်းများထံ ဒုံးကျည်သုံးစင်း ပစ်ခတ်ခဲ့ပါတယ်၊  အစ္စရေးပြည်တွင်းတပ်ဦးက ဇာရင်း နယ်စပ်ဒေသ၏ လေပိုင်နက် တွင် သံသယဖြစ်ဖွယ် ဒရုန်းတစ်စင်း ရှိနေကြောင်း အတည်ပြုခဲ့ပြီး အချက်ပေးဥသြသံများ ထုတ်လွှင့်ခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာ၏ ကြေညာချက်အရ အစ္စရေးသံချပ်ကာယာဉ်များနှင့် စစ်စခန်းတစ်ခုကို ဟဒါဘတ် အလ်အဂျ်လ် ဒေသတွင် ဒုံးကျည်များဖြင့် ပစ်မှတ်ထားခဲ့ပါတယ်။ ယဟ်မား အလ်ရှာကီဖ် ၊ ဇူတာရ် အရှ်-ရှာရ်ကီးယား နှင့် အခြား နေရာများရှိ အစ္စရေးစစ်စခန်းများကို ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း အဖွဲ့ အစည်းက ပြောကြားခဲ့ပါတယ်။

ခုခံရေးအဖွဲ့၏ အဆိုအရ အယ်လ်မာလီကီနေရာ၊ ယက်ဖ်တာစစ်စခန်းနှင့် နာတူအာအနီးရှိ အစ္စရေး စစ်ဘက်စု ဝေးရာနေရာတို့တွင် အသေခံဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ခါဘက်မာအာရှိ အစ္စရေးအမြောက်တပ်ကိုလည်း ဒရုန်းများဖြင့် ပစ်မှတ်ထားခဲ့ပါတယ်။

အခြားတစ်ဖက်တွင်မူ အစ္စရေးစစ်တပ်က လက်ဘနွန်မှ မြောက်ပိုင်းသိမ်းပိုက်ထားသော နယ်မြေများသို့ ရော့ကတ်နှစ်စင်း ထပ်မံပစ်ခတ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အစ္စရေးစစ်တပ်၏ အဆိုအရ ဤရော့ကတ်များကို ကီရတ်ရှမိုနာမြို့ပေါ်မှ လေကြောင်းကာကွယ်ရေးစနစ်များက ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha