အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ကွယ်လွန်ပြီးနောက် ဂဒီးရ် ဖြစ်ရပ်၏ အနှစ်သာရကို ငြင်း၍မရသော်လည်း၊ ရေဝါယသ် များ၏ စစ်ပွဲ ပေါ်ပေါက်လာခဲ့ပါတတယ်။ ဆိုလိုသည်မှာ ဂဒီးရ် ကို ငြင်းဆိုမည့်အစား ၎င်း၏ အဓိပ္ပာယ်ကို ပြောင်းလဲခဲ့ကြပါတယ်။ အချို့သောလှုပ်ရှားမှုများသည် « ဝေလာယသ် နှင့် ခေါင်းဆောင်မှု » ဟူသော အဓိပ္ပာယ် ဆိုလိုချက် ကို « ခင်မင်ရင်းနှီးမှု နှင့် ချစ်ခင်မှု » ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီး ဂဒီးရ် ၏ မူရင်း သတင်းစကားကို ပြောင်းစေခဲ့ပါတယ်။
အဓိက အဓိပ္ပါယ်ပြောင်းလဲသွားရခြင်း၏ အကြောင်းရင်းများမှာ–
၁။ ခေါင်းဆောင် (ခလီဖဟ် ) ရွေးချယ်ရေးအကျပ်အတည်း ပေါ်ပေါက်ပြီးနောက် လူထု၏အာရုံစိုက်မှု ဦးစားပေးမှု များ ပြောင်းလဲသွားခြင်း
၂။ နိုင်ငံရေးဆိုင်ရာ အခြား အကြောင်းပြချက်များ နှင့် အဓိပ္ပါယ်ဖော်ပြချက်များ ဖြစ်လာခြင်း
၃။“မောင်လာ (مولی)” ဆိုသော စကားလုံး၏ အဓိပ္ပါယ် မရှင်းလင်းမှုကို အသုံးချခြင်း
၄။ ဂဒီးရ်၏ မူလ သတင်းအကြောင်းအရာကို ထပ်မံဖော်ပြရှင်းလင်းခြင်း နည်းလာခြင်း
အနှစ်ချုပ်အားဖြင့် အမှန်တရားတစ်ခုကို တစ်ကြိမ် ပြောကြားထားခြင်းသာဖြင့် လူမှုအသိုင်းအဝိုင်းအတွင်း ရေရှည် တည်တံ့စေရန် မလုံလောက်ပါ။ မည်သည့် လူမှုသတင်းအကြောင်းအရာမဆို အဆက်မပြတ် ရှင်းလင်း တင်ပြခြင်း၊ ဖြစ်ရပ်မှန် သဘောဖြင့် ပြန်လည်ဖော်ပြခြင်း (narrative) နှင့် ထပ်မံထုတ်လုပ်ဖြန့်ဝေခြင်း လိုအပ်ပါ တယ်။
ယနေ့ခေတ်အတွက် ဂဒီးရ်မှ ရရှိနိုင်သော အရေးကြီးဆုံး သင်ခန်းစာမှာ ယနေ့ခေတ် မီဒီယာနှင့် လူမှု ကွန်ယက်များရှိသော ကမ္ဘာတွင် အဓိက တိုက်ပွဲသည် အတွေးအမြင်များနှင့် ဇာတ်ကြောင်း (narrative) များ၏ တိုက်ပွဲ ဖြစ်သည်ဆိုခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် လူမှုအသိုင်းအဝိုင်းတွင် မီဒီယာသိမြင်မှု (media literacy) နှင့် အမှန်တရားနှင့် ဦးတည်ချက်ရှိသော ဇာတ်ကြောင်းများကို ခွဲခြားသိနိုင်သော စွမ်းရည် ရှိရမည်ဖြစ်ပါတယ်။ သို့မှသာ အမှန်တရားများ မလွဲမှား မပြောင်းလဲသွားစေရန် ကာကွယ်နိုင်မည် ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment