အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြောက်ပိုင်းစစ်မျက်နှာတွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများမှာ ယခင်ကထက် ပိုမိုပြင်းထန်လာနေပြီး အစ္စရေးတပ်ဖွဲ့ဝင်များအနေဖြင့် အသေအပျောက်များစွာ ကြုံတွေ့နေရခြင်း ဖြစ်ပါတယ်။ သေဆုံး သွားသော စစ်သည်များအတွက် စစ်သင်္ချိုင်းများ၌ နိုင်ငံတော်အဆင့် ဂုဏ်ပြုဈာပန အခမ်းအနားများကို ကျင်းပလျက်ရှိပြီး အလံလွှမ်းထားသော ခေါင်းတလားများ ရှေ့မှောက်တွင် ကျန်ရစ်သူမိသားစုဝင်များနှင့် ရဲဘော်ရဲဘက်များက ကြေကွဲဝမ်းနည်းစွာဖြင့် နောက်ဆုံးနှုတ်ဆက် ဂါရဝပြုခဲ့ကြကြောင်း သိရပါတယ်။
လက်ရှိတွင် နယ်စပ်တလျှောက် ဒုံးကျည်များ၊ ဒရုန်းများဖြင့် အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်ရာ ဒေသတွင်း တင်းမာမှုများမှာ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိနေပါတယ်။ ကျဆုံးသွားသော စစ်သည်အရေအတွက် မြင့်တက်လာခြင်းသည် အစ္စရေးစစ်တပ်အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်နေပြီး၊ မြောက်ပိုင်းဒေသ လုံခြုံရေးအတွက် စစ်ဆင်ရေးများကိုလည်း တိုးမြှင့်လုပ်ဆောင်သွားရန် ရှိနေကြောင်း သိရှိရပါတယ်။
နောက် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ကို လုပ်ကြံ လိုက်တာနဲ့ ဟစ်ဇ်ဘိုလာ ပျောက်သွားမည်ဆိုသည့် အစ္စရေး ၏ ခံယူချက်ကလည်း အိမ်မက်တစ်ခု တက် မပိုတာ ထင်ရှားလာပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment