အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လတ်တလော ထွက်ပေါ်လာသော ဓာတ်ပုံမှတ်တမ်းများတွင် အမေရိကန်၏ ခေတ်မီစစ် လက်နက်ပစ္စည်းတစ်ခုဖြစ်သည့် အပါချီ (Apache) တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စင်းမှာ အီရန် ၏ တိုက်ခိုက်မှုကြောင့် မြေပြင်တွင် ပျက်စီးမီးလောင်နေသည်ကို တွေ့မြင်ရပါတယ်။
အပါချီ (Apache) တိုက်ခိုက်ရေး ရဟတ်ယာဉ် ဆိုတာ နောက်ဆုံးပေါ် ရဟတ်ယာဥ် လိုပြောပြီးသူကို ပစ်ချဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ကြွားထားသည့် အမေရိကန် ရဟတ်ယာဥ် တစ်မျိုး ဖြစ်ပါတယ်။ အီရန်က ပစ်ချပြပြီး ဤ ရဟတ်ယာဥ် မျိုးကို ဝယ်ထားတာထက် အီရန် ဒုံး ၊ဒရုန်း ကို ဝယ်ထားတာက ပိုစိတ်ချရသည်ဆိုသည့် အတွေးများ ဖြစ်ပေါ်စေခဲ့ပြီး ဖြစ်ပါတယ်။
ဤဖြစ်ရပ်သည် အမေရိကန်၏ စစ်ရေးစွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေရုံသာမက၊ အရှေ့ အလယ်ပိုင်းတွင် အမေရိကန်၏ ရပ်တည်ချက်နှင့် ဂုဏ်သိက္ခာမှာလည်း ယခင်ကထက် ပိုမိုနိမ့်ကျလာနေကြောင်း ပြသနေသည်ဟု ဝေဖန်သူများက ဆိုပါတယ်။ တစ်နည်းအားဖြင့် အီရန် ၏ စစ်ရေးစွမ်းရည် ကိုလည်း ခန့်မှန်း နိုင်လာပါတယ်။
အီရန် စစ်ကြောင့် “အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့ ဂုဏ်သိက္ခာဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့ နင်းခြေခံနေရတယ်” ဟု ဒေသတွင်းအခြေအနေကို သုံးသပ်သူအချို့က ပြောကြားထားပါတယ်။ အာရှ အရှေ့ အလယ်ပိုင်း ဒေသတွင်း ပဋိပက္ခများကို ထိန်းချုပ်နိုင်စွမ်းမရှိခြင်းနှင့် စစ်ရေးအရ အထိအခိုက်များ ရှိလာခြင်းတို့ သည် အမေရိကန်၏ သြဇာအာဏာကို ကြီးမားစွာ သက်ရောက်မှုရှိနေပါတယ်။
လက်ရှိတွင် အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များသည် ဒေသတွင်း မိမိတို့ မွေးထားသည့် မီး ကို ငြိမ်းနိုင်ရန် အတွက် ကြိုးပမ်း နေသော်လည်း၊ တိုက်ခိုက်မှုများမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကာ အမေရိကန် ၏ အခန်းကဏ္ဍမှာလည်း စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment