၁၄ ဇွန် ၂၀၂၆ - ၂၃:၅၈
အမေရိကန်၏ လျော်ကြေးပေး၍ ဖျောင်းဖျမှုကို အီရန်ပယ်ချ၊ အစ္စရေးအပေါ် စစ်ရေးအရ လက်တုံ့ပြန်ရန် အသင့်ရှိနေကြောင်း ပြသ

အစ္စရေးနိုင်ငံအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုများ မပြုလုပ်ရန်အတွက် အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံသို့ အထူးရန်ပုံငွေတစ်ရပ် ပေးအပ်ရန် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း အီရန်အစိုးရက ထိုကမ်းလှမ်းမှုကို ပြတ်သားစွာ ပယ်ချလိုက်ကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်ဘက်က ထိုသို့ ငွေကြေးဖြင့် ဖျောင်းဖျမှုကို လက်မခံဘဲ မိမိတို့၏ အမျိုးသားလုံခြုံရေးနှင့် ဂုဏ်သိက္ခာ အတွက် စစ်ရေးအရ မလွဲမသွေ တုံ့ပြန်သွားမည်ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။

အီရန်နိုင်ငံ၏ အဆင့်မြင့်အရာရှိကြီးများက ဘေရွတ်မြို့၊ ဇါဟီယာဒေသတွင် ဖြစ်ပွားခဲ့သော အစ္စရေး၏ ကျူးလွန်မှုများအပေါ် အမေရိကန်အနေဖြင့် ထိန်းချုပ်နိုင်စွမ်းမရှိခြင်းကို ထောက်ပြဝေဖန်ခဲ့ပြီး၊ အမေရိကန်၏ ကမ်းလှမ်းချက်များသည် အခြေအနေကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း ဆိုပါတယ်။

ထုတ်ပြန်ထားသော ဓာတ်ပုံများတွင် အီရန်ခေါင်းဆောင်တစ်ဦး၏ နောက်ကွယ်၌ ဒုံးကျည်များစွာကို တပြိုင်နက်တည်း ပစ်လွှတ်နေသည့် ပုံရိပ်များကို တွေ့ရှိရပြီး၊ ယင်းမှာ အီရန်အနေဖြင့် ဒေသတွင်းရှိ ခုခံရေးတပ်ပေါင်းစုများနှင့် ပူးပေါင်းကာ အစ္စရေးအပေါ် အင်အားသုံး၍ လက်တုံ့ပြန်ရန် အပြည့်အဝ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ကမ္ဘာကို သတိပေးလိုက်ခြင်းလည်း ဖြစ်ပါသည်။ အီရန်၏ ယခု ဆုံးဖြတ်ချက် ကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ် ကြောင်း သုံးသပ်ရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha