၁၆ ဇွန် ၂၀၂၆ - ၂၃:၅၃
ဓမ္မတာလာနေသည့် အမျိုးသမီးများနှင့်မီးဖွားထားသည့် အမျိုးသမီးများ မဂျ်လစ်အဇါများ တွင် လာရောက် ခြင်း ကိစ္စ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ဓမ္မတာလာနေသည့် အမျိုးသမီးများ နှင့် မီးဖွားထား သည့် အမျိုးသမီးများ မဂျ်လစ်အဇါများ တွင် လာရောက် ခြင်း ကိစ္စ နှင့် ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ဓမ္မတာလာနေသည့် အမျိုးသမီးများနှင့်မီးဖွားထားသည့် အမျိုး သမီးများ မဂျ်လစ်အဇါများ တွင် လာရောက် ခြင်း ကိစ္စ  ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

ဓမ္မတာလာနေသည့် အမျိုးသမီးများနှင့်မီးဖွားထားသည့် အမျိုးသမီးများ သည် အေမာမ် ဟိုစိုင်းန်(အ.စ) သို့မဟုတ် အခြား မအ်စူမ် (အ.စ)များ အတွက် ပြုလုပ်သည့် မဂျ်လစ်စေအဇါ တွင် လာရောက်ခွင့် ရှိပါသလား ?

အဖြေ

ဟုတ်ကဲ့ရှိပါသည်။ (သို့သော် ဤမဂျ်လစ်သည် ဗလီဝတ်ကျောင်းတော်များတွင် ပြုလုပ်နေခြင်းမဖြစ်ရန် လိုအပ်ပါသည်။)

အကျည်းရှင်းလင်းချက် - ဆိုလိုသည်မှာ ဗလီများတွင် ပြုလုပ်နေသည့် မဂျ်လစ်များ တွင် ဓမ္မတာလာနေသည့် အမျိုးသမီးများ နှင့်မီးဖွားထားသည့် အမျိုးသမီးများ သည် သွားရောက်ခွင့်မရှိချေ။ အေမာမ်ဘာရာများ တွင် ပြုလုပ်နေသည့် မဂျ်လစ်များ တွင် သွားရောက်ခွင့်ရှိပါသည်။ ထိုပြင် ရှေးလူကြီးများ အနေဖြင့် အေမာမ် များ (အ.စ) ကို ရိုသေ လေးစားသည့်အနေဖြင့် အေမာမ် ဘာရာများတွင် ဓမ္မတာလာနေသည့် အမျိုးသမီးများနှင့် မီးဖွားထား သည့် အမျိုးသမီးများ လည်းလာရောက်နိုင်ရန် မိန်းမခန်းဆိုပြီး သီးသန့် လုပ်ထားပါသည်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha