အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်၏ သံတမန်ရေးနှင့် ကာကွယ်ရေး မဟာဗျူဟာ
တစ်ဖက်တွင်လည်း အီရန်နိုင်ငံသည် မိမိ ၏ ဘက်ပေါင်းစုံပါဝင်သော မဟာဗျူဟာ (Comprehensive Strategy) ကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။ အီရန်၏ အဓိက ရည်မှန်းချက်မှာ နေတိုး (NATO) အဖွဲ့အား အမေရိကန်၏ သြဇာလွှမ်းမိုးမှုအောက်မှ ခွဲထုတ်ရန် ကြိုးပမ်း ပြီးနောက်၊ ယခုအခါ အမေရိကန်နှင့် အစ္စရေးတို့အကြားရှိ နက်ရှိုင်းသော ဆက်ဆံရေးကို အားနည်းသွားစေရန် သံတမန်ရေးအရ ခြေလှမ်းစတင်နေခြင်း ဖြစ်ပါတယ်။
အမေရိကန်နှင့် သဘောတူညီချက်များ
လေ့လာသူများ၏ သုံးသပ်ချက်အရ အီရန်သည် အမေရိကန်နှင့် ရရှိထားသော အချို့သော သဘောတူညီချက်များ ကို အခြေခံ၍ အစ္စရေးက အဆိုပါ သတ်မှတ်ချက်များကို ချိုးဖောက်ပါက မိမိကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ရှိ ကြောင်း အခိုင်အမာ ဆိုထားပါတယ်။ ထိုသို့သော အခြေအနေမျိုးတွင် အမေရိကန်အနေဖြင့် တိုက်ရိုက် ပါဝင် စွက်ဖက်ရန် ဝံ့ရဲမည်မဟုတ်ကြောင်း အီရန်ဘက်က ယူဆနေပါတယ်။
ဒေသတွင်း အင်အားချိန်ခွင်လျှာ အပြောင်းအလဲ
လက်ရှိ အရှေ့အလယ်ပိုင်းဒေသ၏ အင်အားချိန်ခွင်လျှာနှင့် သံတမန်ရေးရာ စည်းမျဉ်းများသည် အဆင့်သစ် တစ်ခုသို့ ကူးပြောင်းနေပြီဖြစ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြပါတယ်။ အစ္စရေး၏ စစ်ရေး တင်းမာမှု နှင့် အီရန်၏ မဟာဗျူဟာမြောက် သံတမန်ရေးရာ ထိုးစစ်များကြောင့် ဒေသတွင်း တည်ငြိမ်မှုမှာ ပိုမိုရှုပ် ထွေးလာ ဖွယ် ရှိနေပါတယ်။
နေတန်ယာဟု၏ ပြောကြားချက်သည် အစ္စရေး၏ လုံခြုံရေးအတွက် မည်သည့်အလျှော့အတင်းမျှ လုပ်မည် မဟုတ်ကြောင်း ပြသနေသကဲ့သို့၊ အီရန်၏ နောက်ကွယ်မှ စီစဉ်မှုများသည်လည်း အနာဂတ်တွင် အမေရိကန်၏ ဒေသတွင်း အခန်းကဏ္ဍကို စိန်ခေါ်လာနိုင်ကြောင်း တွေ့ရှိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment