၂၆ ဇွန် ၂၀၂၆ - ၂၃:၅၉
အေမာမ် ဟိုစိုင်းန် (အ.စ) ၏ မတ်က်သယ် ဖတ်ကြားနေစဉ်  ဖတ်ရွတ်သူ နအီးမ် အလ်ဆာအဒီ အလ္လာဟ် အမိန့်တော် ခံယူ

အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် ကျင်းပသည့် မဂျ်လစ်စေအဇါ တွင် မတ်က်သလ် (အေမာမ်ဟိုစိုင်းန်(အ.စ) အားမည်ကဲ့သို့ သတ်ဖြတ်ခဲ့ကြောင်းသမိုင်း) ဖတ်ကြားနေစဉ် ကာရီ နအီးမ် အလ်ဆာအဒီ ရုတ်တရက် ကွယ်လွန် သွားခဲ့ ကြောင်း သိရပါတယ်။ ၎င်းသည် အဇာအတွက် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားစဉ် ဖတ်ကြားနေရာကနေ မိမိ၏ ဖန်ဆင်းရှင်ထံ ပြန်လည်သွားရောက်ခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာသူများက ဝမ်းနည်းကြေကွဲစွာဖြင့် ၎င်းအား ပခုံးပေါ်တင်ကာ သယ်ဆောင်ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရတ် နိုင်ငံ တွင် အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် ကျင်းပသည့် မဂျ်လစ်စေအဇါ အတွင်း စိတ်မကောင်းဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွား ခဲ့ပြီး မတ်က်သယ် ဖတ်ကြားနေစဉ် ကာရီ နအီးမ် အလ်ဆာအဒီ သည် အလ္လာဟ် အမိန့် ခံယူ သွားခဲ့ ပါတယ်။

သတင်းအချက်အလက်များအရ ကာရီ နအီးမ် အလ်ဆာအဒီ သည် အလေးအနက်ထား၍ မတ်က်သယ် ဖတ်ကြားနေစဉ် အနက်ရောင် အဇာဝတ်စုံကို ဝတ်ဆင်ထားခဲ့ပါတယ်။ ၎င်း၏ အသံကို တက်ရောက်လာသူများက ဝမ်းနည်းကြေကွဲစွာ နားဆင်နေကြချိန်တွင် ရုတ်တရက် အသက်ဆုံးရှုံးသွားခဲ့ခြင်းဖြစ်ပါတယ်။

ယင်းဖြစ်ရပ်ကြောင့် မဂျ်လစ် တက်ရောက်လာသူများအကြား ဝမ်းနည်းမှုနှင့် ငိုကြွေးသံများ ပြည့်နှက် သွားခဲ့ပါတယ်။  ထို့နောက် တက်ရောက်လာသူများက ကွယ်လွန်သူအား လေးစားဂုဏ်ပြုစွာဖြင့် ပခုံးပေါ်တင်ကာ သယ်ဆောင်ခဲ့ကြပါတယ်။

ကာရီ နအီးမ် အလ်ဆာအဒီ၏ ကွယ်လွန်မှုသတင်းကြောင့် ယုံကြည်သူများနှင့် ဝမ်းနည်းနေသူများအကြား နက်ရှိုင်း သော စိတ်မကောင်းမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ အလ္လာဟ်ဟို အရှင်မြတ် မှ ကွယ်လွန်သူအပေါ် အဆုံးမဲ့ ကရုဏာတော် ချမှတ်ပေးတော်မူရန်၊ ၎င်း၏ အပြစ်များကို ခွင့်လွှတ်တော်မူရန်နှင့် မိုဟမ္မဒ်(ဆွ) နှင့် အာလေ့ မိုဟမ္မဒ် (ဆွ) တို့နှင့်အတူ ရှင်ပြန်ထမြောက်စေတော်မူရန် ဆုတောင်းခဲ့ကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha