အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ မိသားစုဝင်တစ်ဦးဖြစ်သည့် ဆရာမ ရှဟီးဒ်ဒဟ် ဇဲဟ်ရာ ဟဒါဒ် အာဒေလ် အတွက် နောက်ဆုံးနှုတ်ဆက် အခမ်း အနားကို မနေ့ညက တီဟီရန်မြို့ရှိ မဒရ်စဟ် ဖရ်ဟန်ဂ် တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ ဆရာမ ရှဟီးဒ်ဒဟ် ဇဲဟ်ရာ ဟဒါဒ် အာဒေလ် ၏ ဖခင်ဖြစ်သူ ဂိုလန်မ်အလီ ဟဒါဒ် အာဒေလ်၊ မိသားစုဝင်များ၊ အတူလုပ်ကိုင်ခဲ့သော ဆရာ၊ ဆရာမများနှင့် ရင်းနှီးသော မိတ်ဆွေများ တက်ရောက် ခဲ့ကြ ပါ တယ်။




တက်ရောက်လာသူများက ဆရာမ ရှဟီးဒ်ဒဟ် ဇဲဟ်ရာ ဟဒါဒ် အာဒေလ် ၏ ပညာရေး၊ လူမှုရေးနှင့် မျိုးဆက် သစ်များ ပြုစုပျိုးထောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဂုဏ်ပြုချီးကျူးခဲ့ကြပြီး ၎င်း၏ အမှတ်တရအဖြစ် ဆုတောင်း ပွဲနှင့် ဝမ်းနည်းခြင်းအခမ်းအနားများကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment