အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNAသတင်းဌာန၏အစီရင်ခံစာအရ ဥရောပနိုင်ငံများသည် ရေကြောင်းဥပဒေများကို အဓိပ္ပာယ်ဖွင့်ဆိုသည့် မူဝါဒများနှင့် အီရန်အပေါ် ဖိအားပေးရေး မူဝါဒများကို လပေါင်းများစွာ ဆက်လက်ကျင့်သုံးခဲ့သော်လည်း ဟော်မုဇ်ရေလက်ကြားကို ယခင်ကဲ့သို့ အကန့်အသတ်မရှိ လွတ်လပ်စွာ ဖြတ်သန်းနိုင်မည့် အခြေအနေကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်း မရှိတော့ကြောင်း သဘောပေါက်လာခဲ့သည်ဟု ဖော်ပြထားပါတယ်။
ထို့ကြောင့် အနာဂတ်တွင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းအသုံးပြုရာ၌ အီရန်နှင့် အိုမန်နိုင်ငံတို့ထံ ဝန်ဆောင်မှု ဆိုင်ရာ အခကြေးငွေများ ပေးဆောင်ရန် ဥရောပအင်အားကြီးနိုင်ငံများက သဘောတူခဲ့ကြောင်း အဆိုပါအစီရင်ခံစာက ဆိုပါတယ်။
ယင်းဖော်ပြချက်အရ ဥရောပနိုင်ငံများ၏ ယခုသဘောထားသည် ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခ နှင့် ပတ်သက်၍ ယခင်က ကိုင်စွဲခဲ့သည့် ရပ်တည်ချက်နှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုတစ်ရပ် ဖြစ်လာ ကြောင်း ကိုလည်း ထင်ဟပ်စေကြောင်း ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment