အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစ္စရေး Channel 14 ၏ ဖော်ပြချက်အရ အီရန် ကွတ်ဒ်စ် တပ်ဖွဲ့သည် "ယဂန်မုခ်သာ" အမည်ဖြင့် အထူး ယူနစ်အသစ်တစ်ခုကို ဖွဲ့စည်းထားကြောင်း ဆိုထားပါတယ်။
သတင်းတွင် အဆိုပါယူနစ်သည် မက္ကဆီကိုနှင့် အမေရိကန်ရှိ အီရန်နိုင်ငံသားအချို့နှင့် ချိတ်ဆက် ဆောင်ရွက် နေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အမေရိကန် စစ်ဘက်အရာရှိကြီးများကို ပစ်မှတ်ထားရန် ရည်ရွယ် ထားသည်ဟု စွပ်စွဲထားပါတယ်။
သို့သော် ယင်းသတင်းအပေါ် အီရန်အစိုးရ၊ အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) သို့မဟုတ် အခြား လွတ်လပ်သည့် နိုင်ငံတကာသတင်းရင်းမြစ်များက တရားဝင် အတည်ပြုထားခြင်း မရှိသေးကြောင်း သိရပါ တယ်။
လေ့လာသုံးသပ်သူများကလည်း ဒေသတွင်းတင်းမာမှုများ မြင့်တက်နေချိန်တွင် ထွက်ပေါ်လာသည့် ယင်းကဲ့ သို့သော သတင်းများကို အတည်ပြုနိုင်သော သတင်းရင်းမြစ်များဖြင့် စိစစ်ပြီးမှသာ ယုံကြည် သင့်ကြောင်း သုံးသပ်ထား ပါတယ်။
အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC)ကလည်း မိမိတို့၏ခေါင်းဆောင်ကြီးအား လုပ်ကြံသတ်ဖြတ်ခံသူများ ကို အချိန် အနှေး နှင့် အမြန် အရေးယူ အပြစ်ပေးသွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားပါတယ်။
ယခုလို တင်းမာနေချိန် တွင် ထရမ့်ကို မကျေနပ်သူ အမေရိကန် များ ကိုယ်တိုင် လုပ်ကြံပြီး အီရန်ကို လွဲချမှုလည်း ပြုနိုင်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment