အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ ဖော်ပြချက်အရ ယီမင်လက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ်က ယီမင်တပ်ဖွဲ့သည် အယ်လ်ဘိုင်ဒါ ပြည်နယ်၏ လေပိုင်နက်အတွင်း ဆော်ဒီအာရေဗျ၏ ကင်းထောက် ဒရုန်း တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အသေးစိတ်အရ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က မိုးမလင်းခင်အချိန်တွင် ယီမင်တပ်ဖွဲ့သည် ဆော်ဒီအာရေဗျ အသုံးပြုနေသည့် Wing Loong 2 ကင်းထောက်ဒရုန်းကို အယ်လ်ဘိုင်ဒါ ပြည်နယ်၏ လေပိုင်နက်အတွင်း လျှို့ဝှက်တာဝန် ထမ်းဆောင်နေစဉ် ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက အဆိုပါဒရုန်းကို သင့်လျော်သော လေကြောင်းကာကွယ်ရေးလက်နက်များဖြင့် အောင်မြင်စွာ ပစ်ချနိုင်ခဲ့ ကြောင်း လည်း ပြောဆိုခဲ့ပါတယ်၊ ထို့အပြင် ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က ယီမင်လက်နက်ကိုင်တပ်ဖွဲ့သည် နိုင်ငံ၏ လေပိုင်နက်နှင့် အမျိုးသားအချုပ်အခြာအာဏာကို ကာကွယ်ရန် အပြည့်အဝ အသင့်ရှိပြီး စောင့်ကြပ် လျက်ရှိကာ၊ မည်သည့် ချိုးဖောက်မှုကိုမဆို အချိန်မီ တုံ့ပြန်နိုင်သည့် စွမ်းရည်ရှိကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment