အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဒေါက်တာ ဖာရ်မီ အဗ္ဗဒုလ်ဟကီးမ် သည် ဂျာမေ အသိုလ် မွတ်စ်သဖွာ (ဆွ) အလ်အာလေမီယဟ် ၊ အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) တက္ကသိုလ် နှင့် ဘာသာ တရားများနှင့် အစ္စလာမ် ဂိုဏ်းကွဲများဆိုင်ရာ တက္ကသိုလ် တို့မှ ဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။
၎င်းသည် မိမိဒေသတွင် အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) ၏ အတွေးအခေါ်နှင့် သွန်သင်ချက်များကို ပြန့်ပွားစေရန် မမောမပန်း ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အပြင် ၊ အဗ်နာ သတင်းဌာန၏ ဖိလစ်ပိုင်ဘာသာပိုင်း အယ်ဒီတာအဖြစ် ဆယ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
အပြစ်ကင်းစင်သူ မအ်စူမီးန် (အ.စ) များအပေါ် ချစ်မြတ်နိုးမှု၊ အီရန်အစ္စလာမ်မစ် တော်လှန်ရေးနှင့် အာဇာနည် ခေါင်းဆောင် ကြီး အပေါ် လေးစားမြတ်နိုးမှု၊ ထို့အပြင် အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) ၏ လမ်းစဉ်နှင့် ခုခံရေးမျက်နှာစာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ သည် ၎င်းနှင့်အတူ လုပ်ကိုင်ခဲ့သူများနှင့် ရင်းနှီးသူများ၏ စိတ်ထဲတွင် အမြဲအမှတ်ရနေမည့် အမွေအနှစ်တစ်ရပ်အဖြစ် ကျန်ရစ်ခဲ့မည်ဖြစ်ပါတယ်။
အဗ်နာ သတင်းဌာန သည် ကျင့်ဝတ်သိက္ခာမြင့်မားသော ဤလုပ်ဖော်ကိုင်ဖက်နှင့် အလ္လာဟ်အရှင်မြတ်ထံသို့ ပြန်လည်ရောက်ရှိသွားသော ဤယုံကြည်သူအား ဆုံးရှုံးလိုက်ရခြင်းအတွက် မိသားစုဝင်များအား အထူး ဝမ်းနည်းကြောင်းနှင့် နှစ်သိမ့်စကား ပြောကြားအပ်ပါတယ်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံမှ ကွယ်လွန်သူ အတွက် အဆင့်အတန်းမြင့်မားစေခြင်းနှင့် ဂျန္နသ်သုခဘုံ၌ အလ္လာဟ်အရှင်မြတ်၏ အနီးကပ် သူတော်စင်များ နှင့် အတူ နေရာချီးမြှင့်ပေးရန် ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
အလ္လာဟ်အရှင်မြတ်သည် ကွယ်လွန်သူအား မိမိ ၏ ကရုဏာတော်ဖြင့် လွှမ်းမိုးတော်မူပါစေ။ ၎င်း၏ ကောင်းမြတ် သော အမှတ်တရများအား အမြဲရှင်သန်စေတော်မူပါ။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment