အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Tasnim သတင်းဌာန ၏ အစီရင်ခံစာအရ ဗြိတိန်အစိုးရသည် အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) ကို နိုင်ငံတော်၏ ခြိမ်းခြောက်မှုများအား တုံ့ပြန်ရေးဥပဒေ အောက်တွင် ထည့်သွင်းသတ်မှတ်ခဲ့သည့် မသင့်လျော် သော လုပ်ရပ်အပြီး ၊ တီဟီရန်ရှိ ဗြိတိန်သံအမတ် ဟူဂို ရှော်တာ (Hugo Shorter) ကို ဇူလိုင်၁၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့) ၂၀၀၂၆ခုနှစ် တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး၏ လက်ထောက်နှင့် အနောက်ဥရောပရေးရာ ညွှန်ကြားရေးမှူးချုပ် အလီရေဇာ ယူစွဖ်ဖီ က နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်ခဲ့ပြီး ၊ အဆိုပါ ရန်လိုသည့် ဆောင်ရွက်ချက်အပေါ် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ ပြင်းထန်သော ကန့်ကွက်မှုကို ၎င်းထံ တရားဝင် အသိပေးခဲ့ပါတယ်။
ယင်းဆင့်ခေါ်မှု အစည်းအဝေးတွင် အနောက်ဥရောပရေးရာ ညွှန်ကြားရေးမှူးချုပ်က ဗြိတိန်ပြည်ထဲရေးဝန်ကြီးက ၎င်းတို့၏ လွှတ်တော်တွင် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံကို ပစ်မှတ်ထား၍ မသင့်လျော်သော ပြောကြားချက်များ ပြုလုပ်ခဲ့ခြင်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ၊ အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) အပေါ် အခြေအမြစ်မရှိသော စွပ်စွဲချက်များ ပြုလုပ်ခြင်းသည် တာဝန်မဲ့သည့် လုပ်ရပ်ဖြစ်သလို၊ ဗြိတိန်အစိုးရ၏ နိုင်ငံတကာ တာဝန်ဝတ္တရားများနှင့် နိုင်ငံအချင်းချင်း ဆက်ဆံရေးကို အခြေခံသည့် အခြေခံမူများနှင့်လည်း ဆန့်ကျင်နေကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။
ဗြိတိန်အစိုးရသည် အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) ကို ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများအား တိုက်ခိုက်မှုများနှင့် အာရပ်နိုင်ငံများရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်သည်ဟု ဆိုကာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။
ယင်းအပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း IRGC ကို အထက်ဖော်ပြပါ အကြောင်းပြချက်များဖြင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မည်ဆိုပါက ဂါဇာ၊ လက်ဘနွန်၊ ယီမင်နှင့် အီရန်အပါအဝင် ဒေသအသီးသီးရှိ အပြစ်မဲ့အရပ်သားများ သေဆုံးစေသည့် စစ်ဆင်ရေးများတွင် ပါဝင်နေသည့် အမေရိကန်စစ်တပ်နှင့် အစ္စရေး စစ်တပ်တို့ကို အဘယ်ကြောင့် အကြမ်းဖက်အဖွဲ့များအဖြစ် မသတ်မှတ်သနည်း? ဟု မေးခွန်း ထုတ်ခဲ့ကြောင်း လည်း သိရပါတယ်။
ထို့ပြင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းကဲ့သို့ ဆုံးဖြတ်ချက်သည် ဘက်လိုက်မှုရှိသည့် အပြုအမူဖြစ်ပြီး အဘယ်ကြောင့် ထိုသို့ ဆောင်ရွက်ရသနည်း? ဟုလည်း မေးခွန်းထုတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment