အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန် သံတမန်ဟောင်း နှင့် အီရန်နှင့် ဆွေးနွေးညှိနှိုင်း ရေးအဖွဲ့ ဝင်ဟောင်း ဖြစ်သူ အလန် အဲယာက ထရမ့်အစိုးရသည် အီရန်နှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် မသေချာ မရေရာသည့် အခြေအနေကို ရင်ဆိုင်နေရပြီး လက်ရှိ ရပ်တန့်နေသော အခြေအနေမှ ထွက်ပေါက် ရှာနိုင်ရန် အတွက် ပေါင်းစပ်ညှိနှိုင်းထားသော မဟာဗျူဟာတစ်ရပ် မရှိကြောင်း ပြောကြားခဲ့ပါတယ်။
အလန် အဲယာက လက်ရှိ အမေရိကန်အစိုးရသည် ယခုအချိန်တွင် ရှုပ်ထွေးမှုနှင့် မရေရာမှုများ ကြုံတွေ့နေရပြီး အီရန်နှင့် ဖြစ်ပွားနေသော အကျပ်အတည်းကို ဖြေရှင်းရန်အတွက် စနစ်တကျ စီစဉ်ထားသော အစီအစဉ်တစ်ရပ် မရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် ထရမ့်အစိုးရသည် စစ်မှန်သော သံတမန်ရေးဆောင်ရွက်မှုများကို ဦးစားပေးခြင်း မပြုဘဲ အတွေ့အကြုံ နည်းပါးသော မိမိနှင့် နီးစပ်သည့် အကြံပေးပုဂ္ဂိုလ်များအပေါ် ပိုမို မှီခိုအားထားခဲ့ကြောင်းလည်း ၎င်းက ထပ်မံ ပြောကြား ခဲ့ပါတယ်။
အမေရိကန် သံတမန်ဟောင်းက အမေရိကန်နှင့် အီရန်တို့အကြား အပြန်အလှန် ယုံကြည်မှုကင်းမဲ့နေခြင်းသည် လက်ရှိအခြေအနေကို ပိုမိုရှုပ်ထွေးစေပြီး တိုးတက်မှုတစ်စုံတစ်ရာ ရရှိရန် လမ်းကြောင်းပေါ်တွင် အခက်အခဲများ ဖြစ်ပေါ်စေကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment