အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNAသတင်းဌာန၏အစီရင်ခံစာအရ ချဒ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဆာဂေး လာဗရော့ဖ်က အီရန်အပေါ် ရန်လိုတိုက်ခိုက်မှုများ ပြန်လည်စတင်ခြင်းနှင့် အရပ်သားဆိုင်ရာ အဆောက် အအုံများ ထိခိုက်ပျက်စီးခဲ့ခြင်းအပေါ် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။
ရုရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက အီရန်အပေါ် ရန်လိုတိုက်ခိုက်မှုများကို ပြန်လည်စတင်ခြင်းဖြင့် သဘောထား ကွဲလွဲမှုများကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။
ထို့အပြင် အဆိုပါ တိုက်ခိုက်မှုများကြောင့် အပြန်အလှန် နားလည်မှုနှင့် သဘောတူညီမှု ရရှိလာခြင်း၏ အကျိုး ဆက်အဖြစ် ဖွင့်လှစ်လာခဲ့သော ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းသည် ပြန်လည်ပိတ်ဆို့သွားနိုင်သည့် အခြေ အနေကို မြင်တွေ့နေရကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment