အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေးရာ ဒုတိယ ညှိနှိုင်းရေးမှူး ရာမစ်ဇ် အလီ အက်ခဘရော့ဗ် က ပါလက်စတိုင်းနှင့် အရှေ့အလယ်ပိုင်း အရေး ကိစ္စများဆိုင်ရာ လုံခြုံရေးကောင်စီအစည်းအဝေးတွင် အနောက်ဘက်ကမ်းဒေသ၏ အခြေအနေကို စိုးရိမ်ဖွယ်ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက အနောက်ဘက်ကမ်းဒေသ၏ အခြေအနေများမှာ အလွန်စိုးရိမ်ဖွယ်ကောင်းလာပြီး ယင်းအခြေအနေသည် သိမ်းပိုက်ခံထားရသော ပါလက်စတိုင်း၏ အခြားဒေသများကိုလည်း သက်ရောက်မှုရှိနေကြောင်း ပြောကြား ခဲ့ပါတယ်။
အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေးရာ ဒုတိယ ညှိနှိုင်းရေး မှူးက အခြေအနေကို ပြန်လည်ကောင်းမွန်လာစေရန် လိုအပ်သော အရေး ပေါ်ဆောင်ရွက်မှုများ ကို ချက်ချင်း မလုပ်ဆောင်ပါက တင်းမာမှုများသည် ပိုမိုပြင်းထန်လာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment