၃၀ ဇူလိုင် ၂၀၂၆ - ၂၃:၅၅
ရှိက်ခ် ခိုင်စ် အလ်ခါဇ် အလီက အီရတ်အပေါ် အမေရိကန် နှင့် ဆော်ဒီတို့၏ တိုက်ခိုက်မှုနှင့် ပတ်သက်၍ သတိပေး

ရှိက်ခ် ခိုင်စ် အလ်ခါဇ်အလီက အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့မှ အီရတ်ကို တိုက်ခိုက်ပါက ဖြစ်ပေါ်လာနိုင် သည့် အန္တရာယ်ရှိသော အကျိုးဆက်များနှင့် ပတ်သက်၍ သတိပေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawzahnews ၏ အစီရင်ခံစာအရ အီရတ်ရှိ အဆွာအစ်ဗ် အဲဟ်လေ့ဟက် အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ရှိက်ခ်ခိုင်စ် အလ်ခါဇ်အလီက ယနေ့ (ဗုဒ္ဓဟူးနေ့) တွင် အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့က ဟရှ်ဒိုရှ်ရှအ်ဘီ ၏ စခန်းများကို တိုက်ခိုက်ခဲ့သည်ဟု ဆိုကာ ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ထိုလုပ်ရပ်၏ အန္တရာယ်ရှိသော အကျိုးဆက်များကို သတိပေးခဲ့ပါတယ်။

ရှိက်ခ် အလ်ခါဇ်အလီက လူမှုကွန်ရက်ပလက်ဖောင်း X တွင် ရေးသားထားသော ၎င်း၏ စာတွင် -

“နာကျင်မှုနှင့် ဝမ်းနည်းမှုအပြည့်ဖြင့် ကျွန်ုပ်တို့သည် ဟရှ်ဒိုရှ်ရှအ်ဘီ ၏ ကျဆုံးခဲ့သော တိုက်ခိုက်ရေးသမားများ၏ မိသားစုဝင်များအား စိတ်ရင်းမှန်ဖြင့် ဝမ်းနည်းကြောင်း ထုတ်ဖော်အပ်ပါတယ်။ အလ္လာဟ်ဟို အရှင်မြတ် အဆိုပါ အာဇာနည်များအား မိမိ၏ ကျယ်ပြန့်သော ကရုဏာတော်အောက်တွင် လက်ခံတော်မူ၍ ဂျန္နသ် အလ်ဖိရ်ဒေါစ်၌ မြင့်မြတ်သော အဆင့်အတန်း ပေးသနားတော်မူစေကာ ဒဏ်ရာရသူများအားလည်း အမြန်ဆုံး အပြည့်အဝ ပြန်လည်ကျန်းမာစေတော်မူပါစေ” ဟု ဆိုခဲ့ပါတယ်။

၎င်းက ဆက်လက်၍ -

အီရတ်နိုင်ငံအတွင်းရှိ အီရတ်လုံခြုံရေးတပ်ဖွဲ့တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် အီရတ်၏ အချုပ်အခြာ အာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် အီရတ် အစိုးရ သည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ပိုမိုခိုင်မာစေရန်နှင့် နိုင်ငံကို ပဋိပက္ခများ ပိုမိုပြင်းထန်လာစေမည့် အခြေ အနေသို့ မရောက်ရှိစေရန် ကြိုးပမ်းနေချိန်၌ ယင်းကဲ့သို့သော လုပ်ရပ်သည် လုံခြုံရေးနှင့် နိုင်ငံရေး အခြေအနေကို ပိုမိုရှုပ်ထွေးစေမည်ဟု ပြောကြားခဲ့ပါတယ်။

အဆွာအစ်ဗ် အဲဟ်လေ့ဟက် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးက -

မိမိတို့ကို အီရတ်၏ မဟာမိတ် သို့မဟုတ် ညီနောင်နိုင်ငံဟု ခေါ်ဆိုကြသော နိုင်ငံအချို့က အီရတ်၏ လုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုက်ခိုက်၍ မိမိတို့၏ စစ်သားများကို သတ်ဖြတ်ခဲ့ခြင်းမှာ အလွန်ဝမ်းနည်းဖွယ် ဖြစ်ကြောင်း၊ ထို့အပြင် ထိုတိုက်ခိုက်မှုများသည် အတည်မပြုရသေးသော စွပ်စွဲချက်များအပေါ် အခြေခံထားပြီး အီရတ် လက်နက်ကိုင်တပ်ဖွဲ့၏ စစ်သေနာပတိချုပ်အား စွပ်စွဲချက်များ မှန်ကန်ကြောင်း သက်သေပြနိုင်ပါက ဥပဒေနှင့် လုံခြုံရေးဆိုင်ရာ အရေးယူဆောင်ရွက်ရန် အခွင့်အရေးပင် မပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ထိုလုပ်ရပ်သည် အီရတ်၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းသာမက နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အမျိုးသားဂုဏ်ကိုလည်း စော်ကားခြင်းဖြစ်ပြီး မည်သည့် ဂုဏ်သိက္ခာရှိသော အီရတ်နိုင်ငံသားမျှ လက်ခံနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ဆက်လက်၍ -

“ကျွန်ုပ်တို့သည် ဤတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး၊ ၎င်း၏ အန္တရာယ်ရှိသော အကျိုးဆက်များကို သတိပေးပါတယ်။ အီရတ်ပြည်သူလူထု အလွှာအသီးသီး၊ နိုင်ငံရေးအင်အားစုများနှင့် လူမှုရေးခေါင်းဆောင်များ အားလုံးသည် ဤအလွန်ကြီးမားသော ပြစ်မှုကို ရင်ဆိုင်ရာတွင် စည်းလုံးညီညွတ်စွာ ရပ်တည်ကြပြီး၊ နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့် အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်ရန် လိုအပ်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် အစိုးရ၏ ကြိုးပမ်းမှုများကို ထောက်ခံအားပေးသင့်ကြောင်း” အလေးပေး ပြောကြား ခဲ့ပါတယ်။

ရှိက်ခ် အလ်ခါဇ်အလီက အီရတ်နိုင်ငံမှ နိုင်ငံခြားတပ်ဖွဲ့များအားလုံး ထွက်ခွာရေး လုပ်ငန်းစဉ်ကို အပြီး သတ်ဆောင်ရွက်ရန် လိုအပ်ကြောင်းကိုလည်း အလေးပေးပြောကြားခဲ့ပါတယ်။ ထို့အပြင် နိုင်ငံ၏ ကာကွယ် ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် ခေတ်မီ လေကြောင်းကာကွယ်ရေးစနစ်များ ဝယ်ယူသင့်ပြီး၊ ထိုသို့ဖြင့် အီရတ်သည် မိမိ၏ လေပိုင်နက်ကို ထိရောက်စွာ ကာကွယ်နိုင်ကာ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေသော ကျူးကျော်မှုများနှင့် လေပိုင်နက်ချိုးဖောက်မှုများကို တားဆီးနိုင်မည်ဟု ပြောကြားခဲ့ပါတယ်။

၎င်းက ထပ်မံ၍ -

“ကျွန်ုပ်တို့၏ စစ်သည်များသည် မြေပြင်စစ်မျက်နှာ၌လည်း မိမိတို့၏ နိုင်ငံကို ကာကွယ်ရန် အပြည့်အဝ စွမ်းရည်ရှိကြပြီး၊ အကယ်၍ ကျူးကျော်သူများသည် မိမိတို့၏ ကန့်သတ်ချက်ကို ကျော်လွန်လာပါက ၎င်းတို့သည် ကြီးမားသော အဖိုးအခကို ပေးဆပ်ရလိမ့်မည်” ဟု ပြောကြားခဲ့ပါတယ်။

နောက်ဆုံးတွင် ရှိက်ခ် အလ်ခါဇ်အလီက -

“အလ္လာဟ်တော်သည် အီရတ်နှင့် အီရတ်ပြည်သူများကို ကာကွယ်တော်မူပါစေ။ ကျူးကျော်သူများ၏ အကြံ အစည်များကို ၎င်းတို့ကိုယ်တိုင်ထံ ပြန်လည်ကျရောက်စေတော်မူပါစေ။ အာဇာနည်များအပေါ် ကရုဏာတော် ချမှတ်တော်မူပါစေ။ ဒဏ်ရာရသူများနှင့် ထိခိုက်နစ်နာသူများအား အမြန်ဆုံး ကျန်းမာ စေတော်မူပါစေ။ အာမင်။” ဟု ဆုတောင်းပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha