အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာယာသွလ္လာဟ် ရေဇာရမ်ဒွါန်နီ သည် ၂၀၂၆ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ ဗုဒ္ဓဟူးနေ့ညတွင် ရရှ်သ် မြို့ အစ္စမာအီလ်အာဘာဒ်ဒေသရှိ အေမာမ် ရေဇာ (အ.စ) ဗလီဝတ်ကျောင်း တော် ၌ ကျင်းပသည့် အေမာမ် ရေဇာ (အ.စ) ရှဟာဒသ် ဖြစ်တော်မူသည့်ည ဝမ်းနည်းပူဆွေးပွဲတွင် မိန့်ကြား ခဲ့ခြင်းဖြစ်ပါတယ်။ ထိုအခမ်းအနားတွင် တမန်တော်မြတ် (ဆွ) ၊ အေမာမ် ဟစန် မွတ်ဂျ်သဗါ (အ.စ) နှင့် အီမာမ် ရေဇာ (အ.စ) တို့၏ ရှဟာဒသ် ဖြစ်တော်မူသည့်နေ့များကို အမှတ်ရဂုဏ်ပြုခဲ့ကြပါတယ်။
၎င်းက ဗလီသည် ယဉ်ကျေးမှုနှင့် အသိပညာဆိုင်ရာ ခံတပ်တစ်ခုအဖြစ် ထိန်းသိမ်းမြှင့်တင်ရန် အလွန် အရေးကြီး ကြောင်း ပြောကြားခဲ့ပြီး ဗလီသည် စုပေါင်းနမာဇ် ဝတ်ပြုမှု ပြုလုပ်သည့်နေရာသက်သက် မဟုတ် ကြောင်း ၊ စုပေါင်း ဆုတောင်းခြင်းသည် တစ်နေ့တာနှင့် တစ်ပတ်တာအတွင်း ဗလီ၌ ပြုလုပ်နေသော ယဉ်ကျေးမှု၊ ပညာ ပေးနှင့် လူမှု ရေးလုပ်ငန်းများ၏ ရလဒ်တစ်ခုဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

လူ့အဖွဲ့အစည်းရှိ အုပ်စုအသီးသီးအတွက် စီမံကိန်းများ လိုအပ်ကြောင်းလည်း ၎င်းက အလေးပေး မိန့်ကြားခဲ့ပါတယ်။ ကျောင်းသားများအတွက် ယဉ်ကျေးမှုနှင့် ပညာရေးအစီအစဉ်များ၊ အမျိုးသမီးများအတွက် အထူးအစီအစဉ်များ၊ လူငယ်များအတွက် မေးမြန်းဖြေကြားပွဲများ၊ ဇေယာရသ် နှင့် အသိပညာဆိုင်ရာ ခရီးစဉ်များ ကို ဗလီများတွင် အာရုံစိုက်ပြုလုပ်သင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဤလုပ်ငန်းများသည် နောက်ဆုံးတွင် ယုံကြည်သူများအား စုပေါင်းဆုတောင်းပွဲနှင့် လူမှုရေးအစီအစဉ်များတွင် ပါဝင်လာစေပြီး ယုံကြည်ခြင်းအပေါ် အခြေခံသည့် စုပေါင်းလူနေမှုပုံစံနှင့် လူမှုရေးပျော်ရွှင်ချမ်းမြေ့မှုကို ဖော်ဆောင် ပေးနိုင်ကြောင်း ၎င်းက ဆက်လက်မိန့် ကြားခဲ့ပါတယ်။
ယနေ့ ကမ္ဘာကြီးသည် အတွေးအခေါ်၊ အသိပညာနှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အကျပ်အတည်းများနှင့် ရင်ဆိုင် နေရကြောင်း ၊ လစ်ဘရယ်ဝါဒ၊ လောကီဝါဒနှင့် လိုင်စီဝါဒကဲ့သို့သော လူနေမှုပုံစံများကို မိတ်ဆက် ပေးနေကြသော်လည်း လူသား၏ဘဝတွင် အလ္လာဟ်ဟို အရှင်မြတ် မရှိပါက ထိုဘဝသည် အဓိပ္ပာယ် မဲ့သွား မည်ဖြစ် ကြောင်း ၎င်းက မိန့်ကြားခဲ့ပါတယ်။
လူနေမှုဘဝသည် အလ္လာဟ်တစ်ပါးတည်းကို ယုံကြည်ခြင်း၏ စိတ်ဓာတ်ဖြင့် လွှမ်းမိုးထားသည့်အခါမှသာ အဓိပ္ပာယ် ပြည့်ဝလာမည်ဖြစ်ပြီး လူသားသည် မည်သည့်နေရာမှ လာခဲ့သည်၊ မည်သည့်နေရာသို့ သွားမည်ကို သိရှိရမည်ဖြစ်ကြောင်း ၊ ထိုသို့သောဘဝသည် မင်္ဂလာရှိသော ဘဝဖြစ်နိုင်ကြောင်း ၎င်းက မိန့်ကြားခဲ့ပါတယ်။
တမန်တော်မြတ် (ဆွ) ထံ တမန်တော် ပြုတာဝန်အပ်နှင်းခံရသည့်အချိန်က လူ့ဂုဏ်သိက္ခာကို မလေးစားသည့် လူ့အဖွဲ့အစည်းဖြစ်ခဲ့ပြီး တရားမျှတမှုမရှိဘဲ အာဏာ၊ ချမ်းသာကြွယ်ဝမှုနှင့် လူမှုဆက်ဆံရေးနယ်ပယ်များတွင် မတရား မှုများ လွှမ်းမိုးနေခဲ့ကြောင်း ရှင်းပြ မိန့်ကြားခဲ့ပါတယ်။
ထိုခေတ်၏ အရေးကြီးသည့် ဂျာဟီလီယာလက္ခဏာတစ်ရပ်မှာ ကျွန်စနစ်ဖြစ်ကြောင်း ထိုအချိန်က လူသားများကို ကျွန်အဖြစ် ဝယ်ယူရောင်းချခဲ့ကြပြီး အချို့သူများအတွက် ကျွန်အရေအတွက် များပြားခြင်းသည်ပင် ဂုဏ်ယူစရာဖြစ်ခဲ့ကြောင်း တမန်တော်မြတ် (ဆွ) သည် ထိုအမြင်ကို ဆန့်ကျင်ခဲ့ပြီး လူသားများ၏ ဂုဏ်သိက္ခာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။

အမီးရိုလ်မိုအ်မေနီးန် မောင်လာ အလီ (အ.စ) ၏ လူသားအချင်းချင်း ဆက်ဆံရေးနှင့်ပတ်သက်သည့် မိန့်ဆို ချက်ကို ရည်ညွှန်းကာ လူသားများသည် ဘာသာရေးအရ ညီအစ်ကိုများဖြစ်ကြသည် သို့မဟုတ် ဖန်ဆင်းခံအဖြစ် အချင်းချင်းတူညီကြကြောင်း ထိုအမြင်သည် အခြားသူများနှင့် လူသားဆန်စွာ ဆက်ဆံခြင်း၏ အခြေခံဖြစ်ပြီး လူမျိုး၊ အသားအရောင်၊ ချမ်းသာကြွယ်ဝမှုနှင့် လူမှုအဆင့်အတန်း မည်သို့ပင်ဖြစ်စေ လူသားတိုင်းတွင် ဂုဏ်သိက္ခာရှိကြောင်း ဖော်ပြနေကြောင်း မိန့်ကြားခဲ့ပါတယ်။
ထို့အပြင် လူမျိုးရေးခွဲခြားမှုသည် ဂျာဟီလီယာ၏ အခြားလက္ခဏာတစ်ရပ်ဖြစ်ကြောင်း ဂျာဟီလီယာခေတ်တွင် အာရပ်များက အာဂျမ်များထက် မိမိတို့ကိုယ်ကို ပိုမိုမြင့်မြတ်သည်ဟု ယူဆကြပြီး အဖြူနှင့် အမည်း၊ မျိုးနွယ်စုနှင့် အုပ်စုများအကြား ခွဲခြားမှုများ ပြုလုပ်ခဲ့ကြသည်။ တမန်တော်မြတ် (ဆွ) သည် ထိုစံနှုန်းများကို ပြောင်းလဲခဲ့ပြီး လူသား၏တန်ဖိုးကို လူမျိုး၊ မျိုးနွယ်၊ ချမ်းသာကြွယ်ဝမှုနှင့် အာဏာတို့မှ ခွဲထုတ်ပေးခဲ့ကြောင်း ယနေ့ ကမ္ဘာတွင်လည်း လူမျိုးရေးခွဲခြားမှုနှင့် ခွဲခြားဆက်ဆံမှုများ ဆက်လက်ရှိနေကြောင်း၊ သမိုင်းတစ်လျှောက် လူမျိုးနှင့် အုပ်စုအမျိုးမျိုး၊ အထူးသဖြင့် အမေရိကန်တိုင်းရင်းသားများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ သည် ထိုအမြင် ဆက်လက်တည်ရှိနေခြင်းကို ပြသနေကြောင်း အာယာသွလ္လာဟ် ရမ်ဒွါန်နီ က သတိပေးမိန့်ကြား ခဲ့ပါတယ်။
ဂျာဟီလီယာခေတ်တွင် အမျိုးသမီးများအတွက် သင့်လျော်သည့် အဆင့်အတန်း မပေးခဲ့ကြသည့်အပြင် သမီး မိန်းကလေးများကိုပင် အသက်ရှင်လျက် မြေမြှုပ်သတ်ဖြတ်ခဲ့ကြကြောင်း၊ သို့သော် တမန်တော်မြတ် (ဆွ) သည် အမျိုးသမီးနှင့် သမီးမိန်းကလေးများအပေါ် လူ့အဖွဲ့အစည်း၏ အမြင်ကို ပြောင်းလဲပေးခဲ့ကြောင်း မိန့် ကြားခဲ့ပါတယ်။
တမန်တော်မြတ် (ဆွ) သည် ကလေးများကို ချစ်ခင်ခဲ့ပြီး သမီးမိန်းကလေးများကို လေးစားခဲ့ကာ သမီးနှင့် အမျိုးသမီးများတွင် ဂုဏ်သိက္ခာရှိကြောင်း မိမိ၏အပြုအမူဖြင့် လူ့အဖွဲ့အစည်းကို သင်ကြားပေးခဲ့ကြောင်း ထိုအပြုအမူသည် စိတ်ခံစားမှုဆိုင်ရာ အပြုအမူသက်သက်မဟုတ်ဘဲ လူနေမှုပုံစံနှင့် လူမှုရေး ပညာပေးမှု တစ်ရပ်လည်း ဖြစ်ခဲ့ကြောင်း အစ္စလာမ်၏ စံနှုန်းနှင့်အညီ အမျိုးသမီးသည် မိသားစုအတွင်း ပညာပေး ရေးတာဝန်ကို ထမ်းဆောင်ရသကဲ့သို့ လူမှုရေးနယ်ပယ်တွင်လည်း ပါဝင်ဆောင်ရွက်သင့်ကြောင်း အာယာသွလ္လာဟ် ရမ်ဒွါန်နီ က အလေးပေးမိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး လူမှုရေး၊ ယဉ်ကျေးမှုနယ်ပယ်များနှင့် သောကြာနေ့ စုပေါင်းနမာဇ် ဝတ်ပြုမှု ၊ ချီတက်ပွဲများ ကဲ့သို့သော အများပြည်သူဆိုင်ရာ အခမ်းအနားများတွင် အမျိုးသမီးများ ပါဝင်ခြင်းသည် လူ့အဖွဲ့ အစည်း အားကောင်းလာရေးအတွက် အထောက်အကူဖြစ်နိုင်ကြောင်း သမိုင်းတစ်လျှောက် လူကြီးမင်းများ နှင့် ထင်ရှား သူများ ၏ ပညာရေးနှင့် ပြုစုပျိုးထောင်မှုတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ ပါဝင်ခဲ့ကြောင်း ၊ ဟဇရသ် မူစာ (အ.စ) သည်လည်း မိခင်၊ အဒေါ်နှင့် ဟဇရသ် အာစီယာ (စ.အ) တို့၏ ပြုစုပျိုးထောင်မှုကို ခံယူခဲ့ရသည့် ဥပမာတစ်ခုဖြစ်ကြောင်း မိန့် ကြားခဲ့ပါတယ်။
ထပ်လောင်း ၍ တမန်တော်မြတ် (ဆွ) သည် ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) အပေါ် အလွန် လေးစားမှုရှိခဲ့ကြောင်း တမန်တော်မြတ် (ဆွ) သည် မိမိ၏သမီးဖြစ်သူ၏ လက်ကို ဂုဏ်ယူစွာ နမ်းခဲ့ပြီး ဟဇရသ် ဖွာတွေမဟ် (စ.အ) ဝင်လာ သောအခါ ထရပ်ကာ ကြိုဆိုခဲ့ကြောင်း ထိုအပြုအမူများသည် အမျိုးသမီးများ အတွက် သင့်လျော်သည့် အဆင့် အတန်းမပေးသည့် ထိုခေတ်လူ့အဖွဲ့အစည်းတွင် ကြီးမားသည့် ယဉ်ကျေးမှု အပြောင်းအလဲတစ်ရပ် ဖြစ်ခဲ့ ကြောင်း မိန့်ကြားခဲ့ပါတယ်။
ကုရ်အာန်ကျမ်းတော်မြတ်တွင်လည်း အမျိုးသမီးများ၏ အဆင့်အတန်းကို အသိအမှတ်ပြုထားကြောင်း၊ အမျိုး သမီးများ ၏ အခွင့်အရေးနှင့် အဆင့်အတန်းအကြောင်း အာယတ်တော်များစွာ ချမှတ်ပေးထားပြီး အမျိုးသား နှင့် အမျိုး သမီးတို့သည် ယုံကြည်ခြင်း၊ ကောင်းမှုလုပ်ဆောင်ခြင်းနှင့် လူသားတန်ဖိုးများတွင် တူညီသော ဂုဏ်သိက္ခာရှိကြောင်း မိန့်ကြားခဲ့ပါတယ်။

တမန်တော်မြတ် (ဆွ) သည် တရားမျှတမှုအကြောင်း ပြောဆိုရုံသာမက ယင်းကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ကုရ်အာန်သည်လည်း တရားမျှတမှုကို ပရောဖက်များ၏ အခြေခံတာဝန်များအနက် တစ်ရပ်အဖြစ် သတ်မှတ်ထားပြီး အစ္စလာမ့်လူ့အဖွဲ့အစည်းသည် နယ်ပယ်အားလုံးတွင် ထိုမူကို လိုက်နာသင့်ကြောင်း တမန်တော်မြတ် (ဆွ) သည် အခြားပရောဖက်များထက်ပင် ပိုမိုပြင်းထန်စွာ နှိပ်စက် ညှဉ်းပန်းခံခဲ့ ရသော်လည်း ဖိအားများနှင့် အခက်အခဲများစွာကြားမှ မိမိ၏ အလ္လာဟ်ဟို အရှင်မြတ် ၏ ပေးအပ် ထား သည့် တာဝန် မှ နောက်ဆုတ်ခြင်းမရှိခဲ့ကြောင်း အာယာသွလ္လာဟ် က ရှင်းပြမိန့်ကြားခဲ့ပါတယ်။
ဟဇရသ် ခဒီဂျာ (စ.အ) နှင့် ဟဇရသ် အဘူသွာလစ်ဗ် (အ.စ) တို့သည် တမန်တော်မြတ် (ဆွ) ၏ အရေးကြီးဆုံး ထောက်ခံသူနှစ်ဦးဖြစ်ကြပြီး ၎င်းတို့နှစ်ဦး ကွယ်လွန်ခဲ့ခြင်းသည် တမန်တော်မြတ်အပေါ် ကြီးမားသော ဖိအား ဖြစ်စေခဲ့ သော်လည်း ထိုအဖြစ်အပျက်များနောက်ပိုင်းတွင်ပင် တမန်တော်မြတ် (ဆွ) သည် မိမိ၏ လမ်းကြောင်း ကို ဆက်လက်လျှောက်လှမ်းခဲ့ပါတယ်။
ကုရိုင်ရှ်တို့က အဘူသွာလစ်ဗ် (အ.စ) အား တမန်တော်မြတ် (ဆွ) ၏ ဖိတ်ခေါ်မှုကို ရပ်တန့်စေရန် တောင်းဆို ခဲ့ချိန်တွင် တမန်တော်မြတ် (ဆွ) က မိမိ၏ အလ္လာဟ် ဟို အရှင်မြတ် သခင်ပေးအပ်ထားသည့် တာဝန်ကို ဆက် လက် ထမ်းဆောင် မည်ဟု အခိုင်အမာ ပြောကြားခဲ့ပြီး အဘူသွာလစ်ဗ် (အ.စ) ကလည်း ဆက်လက် ထောက်ခံ ပေးခဲ့ကြောင်း ရှအ်ဗ် အဘီ သွာ လစ်ဗ် (အ.စ) တွင် မွတ်စလင်မ် များအား လူမှုရေးနှင့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း ၊ ၎င်းတို့နှင့် ဆက်သွယ်ခြင်း၊ ရောင်းဝယ်ခြင်းများကိုပင် တားမြစ်ခဲ့ကြ သော်လည်း ယုံကြည်သူများသည် နှိပ်စက်ညှဉ်းပန်းမှုနှင့် ဖိအားများကြားမှ မိမိတို့၏ ယုံကြည်ခြင်းနှင့် တာဝန်ကို စွန့်လွှတ်ခြင်းမရှိခဲ့ကြောင်း ထပ်လောင်း မိန့်ကြား ခဲ့ပါတယ်။
တမန်တော်မြတ် (ဆွ) သည် မက္ကဟ် မြို့တွင် ဆန့်ကျင်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများ ကြုံတွေ့နေရသည့်ကြားမှ အလ္လာဟ် ဟို အရှင်မြတ် သခင်၏ သတင်းစကားကို ဖြန့်ဝေရန် တအိဖ်မြို့သို့ သွားရောက်ခဲ့သော်လည်း ထိုနေရာတွင် လည်း ကြိုဆိုခြင်းမခံရဘဲ နှိပ်စက်ခံခဲ့ရကြောင်း ၊ သို့သော် မိမိ၏ ပရောဖက်တာဝန်မှ နောက်ဆုတ်ခြင်း မရှိခဲ့ကြောင်း ထိုအပြုအမူသည် ယဉ်ကျေးမှု၊ သာသနာပြုရေးနှင့် လူမှုရေး လုပ်ငန်းများ အတွက် သည်းခံမှု၊ စိတ်ဓာတ်နှင့် ခံနိုင်ရည် လိုအပ်ကြောင်း၊ ပထမဆုံးသော ဖိအား သို့မဟုတ် ဆန့်ကျင်မှု နှင့် တွေ့ရုံဖြင့် မိမိ၏တာဝန်ကို စွန့်လွှတ်မသင့်ကြောင်း ပြသနေသည် ဖြစ်ကြောင်း တမန်တော်မြတ် (ဆွ) သည် လူ့အဖွဲ့အစည်းအတွင်း လူမှုရေးအမြင်သစ်တစ်ရပ်ကို ဖန်တီးပေးခဲ့ကြောင်း၊ အကောင်းဆုံးလူသားများမှာ အလ္လာဟ်ကို ယုံကြည်ပြီး အခြားသူများအတွက် အကျိုးပြုသူများဖြစ်ကြကာ အဆိုးဆုံးလူသားများမှာ အခြားသူများကို ထိခိုက်နစ်နာစေသူများဖြစ်ကြောင်း လူတို့အား သင်ကြားပေးခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။
ထို့အပြင် တမန်တော်မြတ် (ဆွ) သည် လူမှုရေးကျင့်ဝတ်များကိုပင် ပြုပြင်ပြောင်းလဲပေးခဲ့ပါကြောင်း တမန်တော် မြတ် (ဆွ) အား မည်သို့ခေါ်ဝေါ်ရမည်၊ မည်သို့လေးစားရမည်မှစ၍ လူမှုဆက်ဆံရေး၊ အခြားသူများကို လေးစား ခြင်း ၊ ဆင်းရဲသားများ နှင့် အတူ ထိုင်ခြင်းနှင့် ဂျာဟီလီယာစနစ်အတွင်း လူမှုအဆင့်အတန်းမရှိသူများကို အာရုံ စိုက်ခြင်းတို့ကို သင်ကြားပေးခဲ့ကြောင်း ဂျာဟီလီယာကို ဆန့်ကျင်ရာတွင် ခံနိုင်ရည်ရှိခြင်းနှင့် ပတ်သက်၍လည်း အာယာသွလ္လာဟ် ရမ်ဒွါန်လီ က မိန့်ကြားခဲ့ပါတယ်။
ဂျာဟီလီယာစနစ်တွင် အင်အားနှင့် အာဏာသည် အမှန်တရား၏ စံနှုန်းဖြစ်ခဲ့သော်လည်း တမန်တော်မြတ် (ဆွ) သည် ထိုစံနှုန်းကို ပြောင်းလဲခဲ့ပြီး အမှန်တရားကို အဖိနှိပ်ခံသူများဘက်တွင် ထားရှိခဲ့ကြောင်း ထိုသင်ခန်းစာသည် ယနေ့တွင်လည်း အရေးကြီးပြီး အာဏာကြီးစိုးသည့် စနစ်များက မိမိတို့၏ အင်အားအပေါ် မူတည်၍ အမှန်နှင့် အမှားကို သတ်မှတ်ရန် ကြိုးပမ်းနေကြကြောင်း ယနေ့တွင်လည်း အချို့သော တန်ဖိုးများကို တန်ဖိုးမရှိ သည့် အရာများအဖြစ်၊ တန်ဖိုးမရှိသည့်အရာများကို တန်ဖိုးရှိသည့်အရာများအဖြစ် သတ်မှတ်သည့် ဂျာဟီလီ ယာပုံစံတစ်ရပ်နှင့် ရင်ဆိုင်နေရကြောင်း ၎င်းက မိန့်ကြားခဲ့ပါတယ်။
တမန်တော်မြတ် (ဆွ) ကလည်း တစ်ချိန်တွင် ကောင်းမှုကို မကောင်းမှုအဖြစ်၊ မကောင်းမှုကို ကောင်းမှုအဖြစ် သတ်မှတ်လာပြီး မကောင်းမှုကို အမိန့်ပေးကာ ကောင်းမှုကို တားမြစ်သည့် အခြေအနေ ရောက်ရှိလာမည်ဟု သတိပေးခဲ့ကြောင်း ဆိုပါတယ်။
အာယာသွလ္လာဟ် က အရှက်အကြောက်၊ သီလနှင့် ဟီဂျာဗ်အကြောင်းလည်း မိန့်ကြားခဲ့ပါတယ်။ ယနေ့ ရန်သူများက ပစ်မှတ်ထားနေသည့် နယ်ပယ်များအနက် ဘာသာရေး၊ အရှက်အကြောက်၊ ဟေဂျာဗ် နှင့် ဝတ်စား ဆင်ယင်မှုတို့ ပါဝင်ကြောင်း၊ အီရန်လူမျိုးများသည် အရှက်အကြောက်နှင့် ဂုဏ်သိက္ခာအရ အမြစ် တွယ်ခိုင်မာသည့် လူမျိုးဖြစ်ပြီး ရန်သူများက ထိုတန်ဖိုးများကို လူ့အဖွဲ့အစည်းအတွင်း အားနည်းစေရန် ကြိုးပမ်းနေကြောင်း မိန့်ကြားခဲ့ပါတယ်။
ယနေ့ပြဿနာသည် ဟေဂျာဗ်မဝတ်ခြင်းတစ်ခုတည်း မဟုတ်ဘဲ အချို့သော အစ္စလာမ်မစ် လူ့အဖွဲ့အစည်းများ တွင် ကိုယ်ခန္ဓာဖော်ပြမှုနှင့် တန်ဖိုးစနစ်ကို ပြောင်းလဲရန် ကြိုးပမ်းမှုများပင် တွေ့မြင်နေရသဖြင့် ထိုကိစ္စအပေါ် သတိထားရမည်ဟု အာယာသွလ္လာဟ် က အလေးပေးမိန့်ကြားခဲ့ပါတယ်။
အစ္စလာမ်သည် ကရုဏာတော်၏ ဘာသာတရားဖြစ်ကြောင်း၊ တမန်တော်မြတ် (ဆွ) ၏ ကရုဏာတော်သည် စိတ်ခံစားမှုဆိုင်ရာ အပြုအမူများတွင်သာ ကန့်သတ်ထားခြင်းမရှိကြောင်း ရှေးရ်ခ် ၊ ကုဖ်ရ်၊ မတရားမှု၊ လူမျိုး ရေးခွဲခြားမှု၊ ကျွန်စနစ်နှင့် လူသားဂုဏ်သိက္ခာကို ဖျက်ဆီးသည့် စနစ်များကို တိုက်ဖျက်ခြင်းသည်လည်း ကရုဏာ တော်ဖြစ်ပြီး ထိုလုပ်ဆောင်မှုများ၏ ရည်ရွယ်ချက်မှာ လူသားများကို ကယ်တင်ပြီး ၎င်းတို့၏ ဂုဏ်သိက္ခာကို ပြန်လည်ပေးအပ်ရန်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
အင်အား ကြီးနိုင်ငံများက ဘာသာရေးကို လူတို့ ၏ ဘဝမှ ဖယ်ရှားရန် ကြိုးပမ်းနေကြကြောင်း၊ ယနေ့ အမေရိကန် နှင့် အစ္စရေး အစိုးရတို့သည် ဘာသာရေးကို လူတို့၏ဘဝမှ ဖယ်ထုတ်ရန် ကြိုးပမ်းနေကြသော်လည်း အေမာမ် ခိုမေနီ (ရ.ဟ) နှင့် အမြင့်ဆုံးခေါင်းဆောင်တို့က ဘာသာရေးကို လူနေမှုဘဝနှင့် အုပ်ချုပ်ရေးနယ်ပယ်ထဲသို့ ယူဆောင်လာခဲ့ကြပြီး ဘာသာရေးသည် လူမှုရေးနှင့် နိုင်ငံရေးနယ်ပယ်များတွင် အခန်းကဏ္ဍ တစ်ရပ် ထမ်းဆောင်နိုင် ကြောင်း ပြသခဲ့ကြသည်ဟု ၎င်းက ပြောကြားခဲ့ပါတယ်။
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံကို ထိုပြောင်းလဲမှု၏ ဥပမာတစ်ရပ်အဖြစ် သတ်မှတ်ကာ ယနေ့ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသည် အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာပြီး အင်အားကြီးနိုင်ငံများကို ရင်ဆိုင်ရပ်တည်နေကြောင်း ထိုအင်အားသည် အစ္စလာမ်မစ်တော်လှန်ရေးနှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ သင်ကြားမှုများအပေါ် ပျိုးထောင်ခံရသည့် မျိုးဆက်တစ်ရပ် ပေါ်ပေါက်လာခြင်း၏ ရလဒ်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
အစ္စလာမ်မစ်နိုင်ငံများအနက် အများအပြားသည် နိုင်ငံခြားအင်အားကြီးနိုင်ငံများ၏ သြဇာနှင့် မှီခိုမှုအောက်တွင် ရှိနေဆဲဖြစ်ပြီး အရှေ့အလယ်ပိုင်း နှင့် အာဖရိကနိုင်ငံများတွင် ထိုမှီခိုမှု၏ ဥပမာများကို တွေ့မြင်နိုင်ကြောင်း အာယာသွလ္လာဟ် က မိန့်ကြားခဲ့ပါတယ်။ သို့သော် မွတ်စလင်မ် လူမျိုးများတွင် လူသားအရင်းအမြစ်နှင့် စီးပွားရေး အရင်းအမြစ်များစွာ ရှိကြောင်းလည်း ထောက်ပြခဲ့ပါတယ်။
သမိုင်းတစ်လျှောက် အာဏာကြီးစိုးသည့် နိုင်ငံများသည် အစ္စလာမ်မစ် နှင့် အာဖရိကနိုင်ငံများ၏ အရင်း အမြစ်များ ကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ကြပြီး ထိုနိုင်ငံများ၏ အမှန်တကယ် လွတ်လပ်ရေးရရှိမှုကို တားဆီး ခဲ့ကြကြောင်း ၊ ယနေ့ တွင် လည်း လွတ်လပ်ရေးနှင့် မိမိတို့၏ အရင်းအမြစ်များကို မိမိတို့ကိုယ်တိုင် အသုံး ချနိုင်ရေး သည် အစ္စလာမ်မစ်ကမ္ဘာ၏ အရေးကြီးသည့် ပြဿနာများအနက် တစ်ရပ်ဖြစ်ကြောင်း ၎င်းက မိန့် ကြားခဲ့ပါတယ်။
နောက်ဆုံးတွင် တမန်တော်မြတ် (ဆွ) ၏ လူနေမှုပုံစံကို စံနမူနာယူရန် လိုအပ်ကြောင်း အလေးပေးမိန့် ကြားခဲ့ပါတယ်။ ခေတ်သစ် ဂျာဟီလီယာမှ လူသားများ လွတ်မြောက်ရန် နည်းလမ်းမှာ တမန်တော်မြတ် (ဆွ) ၏ လူနေမှုပုံစံနှင့် အဟ်လုလ်ဘိုင်သ်၏ သင်ကြားချက်များသို့ ပြန်လည်ရောက်ရှိခြင်းဖြစ်ကြောင်း၊ ထိုလူနေမှုပုံစံတွင် လူသားဂုဏ်သိက္ခာ၊ တရားမျှတမှု၊ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ခြင်း၊ အမျိုးသမီးအခွင့်အရေးများကို ထိန်းသိမ်းခြင်း၊ မတရားမှုကို တိုက်ဖျက်ခြင်းနှင့် လူသားတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်း၏ ပျော်ရွှင်ချမ်းမြေ့မှုကို အာရုံစိုက်ခြင်းတို့ ပါဝင်ကြောင်း အာယာသွလ္လာဟ် က မိန့်ကြားခဲ့ပါတယ်။
အာယာသွလ္လာဟ် ရမ်ဒွါန်နီ က အစ္စလာမ်မစ်လူ့အဖွဲ့အစည်း၏ ခံနိုင်ရည်အားကို မြှင့်တင်ရန် လိုအပ်ကြောင်း လည်း အလေးပေးမိန့် ကြားခဲ့ပါတယ်။ တမန်တော်မြတ် (ဆွ) ၊ အေမာမ် ဟစန် မွတ်ဂျ်သဗါ (အ.စ) နှင့် အေမာမ် ရေဇာ (အ.စ) တို့သည် အမှန်တရားနှင့် မတရားမှုကို ဆန့်ကျင်သည့်လမ်းတွင် သည်းခံမှုနှင့် ခံနိုင်ရည်ရှိ ခဲ့ကြ သကဲ့သို့ ၎င်းတို့၏ နောက်လိုက်များသည်လည်း ထိုအရည်အချင်းကို မြှင့်တင်ရမည်ဖြစ်ပြီး အာဏာကြီးစိုးသည့် စနစ်၏ ဖိအားများနှင့် ရာဇဝတ်မှုများကို ရင်ဆိုင်နိုင်ရန် လိုအပ်ကြောင်း ယနေ့တွင် အစိုးရအဖွဲ့၊ ဘာသာရေးပညာရှင်များ၊ ပါမောက္ခများ၊ ပြုပြင်ပြောင်းလဲရေးသမားများနှင့် ယဉ်ကျေးမှု လှုပ်ရှားသူများအတွက် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ အင်အားနှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အယူ အဆများကို အသုံးချကာ အစ္စလာမ်မစ် စနစ်၏ အာဏာနှင့် မွတ်စလင်မ် များ၏ ကမ္ဘာ့ဂုဏ်သိက္ခာနှင့် အင်အားကို မြှင့်တင်ရန် အရေးကြီး သည့် အခွင့်အရေးတစ်ရပ် ရရှိနေပြီဖြစ်ကြောင်း အာယာသွလ္လာဟ် က နိဂုံးချုပ် မိန့်ကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment