အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းအေဂျင်စီ၏ အစီရင်ခံချက်အရ ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က ယီမင်တပ်ဖွဲ့များသည် အယ်လ်မိုခါနှင့် မာရစ်ဗ်ပြည်နယ်ရှိ တဒါဝင်စခန်းတွင် စုဝေးနေသော ဆော်ဒီစစ်သားများ၊ လက်နက်သိုလှောင်ရုံများနှင့် ကွပ်ကဲရေးစင်တာများကို ဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ပြောရေးဆိုခွင့်ရှိသူက အဆိုပါ စစ်ဆင်ရေးများကို ဒုံးကျည်များနှင့် ဒရုန်းအမြောက်အမြား အသုံးပြု၍ လုပ်ဆောင်ခဲ့ပြီး သတ်မှတ်ထားသည့် ပစ်မှတ်အားလုံးကို တိကျစွာ ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
တိုက်ခိုက်မှုများကြောင့် လူဒါဇင်နှင့်ချီ သေဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် ဆော်ဒီအရာရှိအများအပြားလည်း ပါဝင်ကြောင်း သိရပါတယ်။
ယီမင်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက ဆော်ဒီစစ်ဘက်အရာရှိများ စုဝေးရာနေရာများနှင့် တပ်စခန်းများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
ထို့အပြင် လမ်းမှားသွားခြင်း သို့မဟုတ် လှည့်ဖြားခံထားရသည့် ယီမင်စစ်တပ်မှ သစ္စဖောက် အရာရှိများကိုလည်း သတိ ပေးခဲ့ပြီး နောက်ကျမသွားမီ ပြင်ပအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် မိမိ တို့က “သစ္စာ ဖောက်မှု” ဟု သတ်မှတ်ထားသည့် လုပ်ရပ်များမှ ပြန်လည် နုတ်ထွက်ကြရန် တိုက်တွန်းခဲ့ ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment