အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းအေဂျင်စီ ၏ သတင်းအရ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln ပေါ်တွင် သင်္ဘောသားများအကြား အကြမ်းဖက် ရန်ပွဲတစ်ရပ် ဖြစ်ပွားခဲ့ပြီး အမေရိကန် ရေတပ်သား ၇ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်သည် လပေါင်းများစွာကြာမြင့်နေသည့် တပ်ဖြန့်ထားမှုနှင့် သင်္ဘောသား များအကြား မကျေနပ်မှုများ တိုးပွားလာနေသည့် နောက်ခံအခြေအနေတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပါတယ်။
သတင်းရင်းမြစ်များ၏အဆိုအရ အဆိုပါ သွေးထွက်သံယို ရန်ပွဲသည် လပေါင်းများစွာ ဒေသတွင်း၌ တပ်ဖြန့် ထားပြီး အီရန်အပေါ် အမေရိကန်၏ စစ်ရေးဆောင်ရွက်မှုများတွင်လည်း ပါဝင်ခဲ့သည့် USS Abraham Lincoln ပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
မီဒီယာများက အမေရိကန် Central Command အကြီးအကဲ Brad Cooper ၏ အကြံပေးတစ်ဦး သင်္ဘောပေါ်သို့ ရောက်ရှိ လာပြီးနောက် အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း အကြောင်းအရာသိရှိသူ စစ်ဘက် သတင်းရင်းမြစ် တစ်ဦးကို ကိုးကား၍ ဖော်ပြခဲ့ပါတယ်။
အဆိုပါအကြံပေးကို သင်္ဘောသားများအကြား တိုးပွားလာနေသည့် တိုင်ကြားချက်များကို အကဲဖြတ်ရန်အတွက် စေလွှတ်ခဲ့ခြင်းဖြစ်သည်။ သင်္ဘော၏ တာရှည်တပ်ဖြန့်ထားမှုကို ဆန့်ကျင်၍ သင်္ဘောသားများ၏ မိသားစုဝင်များ ကလည်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပါတယ်။
သတင်းရင်းမြစ်များ၏အဆိုအရ အဆိုပါအကြံပေးက တပ်ဖွဲ့ဝင်များ စုဝေးနေသည့်နေရာ၌ မိန့်ခွန်းပြောကြားခဲ့ရာ ပြင်းထန်သော တုံ့ပြန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး တပ်ဖွဲ့ဝင်များက ကြွေးကြော်သံများပြုလုပ်ကာ ၎င်းထံသို့ ရေဘူးများဖြင့် ပစ်ပေါက်ခဲ့ကြပါတယ်။
ထို့နောက် အခြေအနေမှာ ပိုမိုတင်းမာလာပြီး သင်္ဘောသားများအကြား ရန်ပွဲစတင်ဖြစ်ပွားခဲ့ကာ ဓားများနှင့် အခြားလက်နက်များကိုလည်း အသုံးပြုခဲ့ကြပါတယ်။ သတင်းရင်းမြစ်များ၏အဆိုအရ အဆိုပါ ပဋိပက္ခကြောင့် တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
ဖြစ်ရပ်ဖြစ်ပွားပြီးနောက်တွင်လည်း လေယာဉ်တင်သင်္ဘောပေါ်၌ အခြေအနေ တင်းမာနေဆဲဖြစ်ပြီး မကျေနပ်မှု များ လည်း ဆက်လက်ရှိနေပါတယ်။
သတင်းအရ USS Abraham Lincoln သည် ယခုအချိန်တွင် ၂၆၃ ရက်ကြာ တပ်ဖြန့်ထားပြီး အိန္ဒိယသမုဒ္ဒရာအတွင်း ရှိနေပါတယ်။ ၎င်း၏ အဓိကတာဝန်မှာ အီရန်အပေါ် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို အကောင် အထည် ဖော်ရန်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါ လေယာဉ်တင်သင်္ဘောသည် ပင်လယ်ပြင်တွင် ၂၀၈ ရက် ဆက်တိုက် နေထိုင်ခဲ့ပြီး ယင်းသည် ခေတ်သစ် ကာလအတွင်း အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စင်း၏ အရှည်လျားဆုံး ဆက်တိုက် ပင်လယ် ပြင် တပ်ဖြန့်မှုဖြစ်ကြောင်း သတ်မှတ်ထားပါတယ်။ ဇူလိုင်လအတွင်း အိုမန်နိုင်ငံ၌ ခဏတာ ရပ်နားခဲ့ခြင်းမှအပ သင်္ဘောသည် ဆက်တိုက် ပင်လယ်ပြင်တပ်ဖြန့်မှုအတွင်း ရှိနေခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment