၁၇ ဩဂုတ် ၂၀၂၆ - ၂၁:၀၄
ပင်လယ်နီတွင် ဆော်ဒီစစ်သင်္ဘော နှင့် လှေများကို တိုက်ခိုက်

ယီမင်လက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပင်လယ်နီအတွင်း ဆော်ဒီအစိုးရပိုင် စစ်သင်္ဘောတစ်စင်းနှင့် လှေ ၄ စင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNA သတင်းဌာန၏အစီရင်ခံစာအရ ယီမင်လက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က ပင်လယ်နီရှိ အယ်လ်မိုခါ ဆိပ်ကမ်း၏ ကမ်းရိုးတန်းဒေသတွင် ဆော်ဒီအာရေဗျ၏ စစ်သင်္ဘော တစ်စင်း နှင့် လှေ ၄ စင်းကို ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ပဲ့ထိန်းဒုံးကျည်များဖြင့် ပြုလုပ်ခဲ့သည့် ထိုတိုက်ခိုက်မှုတွင် ဆော်ဒီစစ်သင်္ဘောနှင့် လှေများကို အလွန် တိကျစွာ ပစ်မှတ်ထားနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ယီမင်လက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ထိုတိုက်ခိုက်မှုအတွင်း ဆော်ဒီစစ်သင်္ဘောတွင် မီးလောင် ကျွမ်းခဲ့ ပြီး ၎င်း၏ စစ်လှေအချို့ နစ်မြုပ်သွားခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha