၂၄ ဩဂုတ် ၂၀၂၆ - ၂၃:၂၈
ဂါဇာရှိ “ရေချိုထုတ်စက်ရုံ” ကို အစ္စရေးအစိုးရတပ်ဖွဲ့များက ရက်စက်စွာ တိုက်ခိုက် + ဗီဒီယို

အစ္စရေး၏ တိုက်လေယာဉ်များသည် ဂါဇာမြောက်ပိုင်းရှိ ရှိတ်ခ် ရစ်ဒ်ဝန် ရပ်ကွက်တွင် တည်ရှိသော ရေချို ထုတ်စက်ရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Tasnimသတင်းဌာန ၏ အစီရင်ခံစာအရ အစ္စရေး၏ တိုက်လေယာဉ်များသည် ဂါဇာပြည်သူများအတွက် အရေးပါသော အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် “မြေပြင်အကုန်လောင်ကျွမ်းစေသော မူဝါဒ” ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂါဇာမြို့မြောက်ပိုင်းရှိ ရှိတ်ခ် ရစ်ဒ်ဝန်ရပ်ကွက်တွင် တည်ရှိသော ရေချိုထုတ်စက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။

ကနဦးသတင်းများအရ အဆိုပါတိုက်ခိုက်မှုကြောင့် စက်ရုံအဆောက်အအုံနှင့် စက်ပစ္စည်းများ အကြီးအကျယ် ပျက်စီးခဲ့ပြီး ဂါဇာမြောက်ပိုင်းရှိ လူထောင်ပေါင်းများစွာအတွက် သောက်သုံးရေ ဖြန့်ဖြူးပေးနိုင်မှုမှာ အနှောင့်အယှက် ဖြစ်ပေါ်ခဲ့ပါတယ်။

ရှိတ်ခ် ရစ်ဒ်ဝန် ရေချိုထုတ်စက်ရုံသည် ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းတွင် သောက်သုံးရေ ပေးဝေရေး အတွက် အရေးပါဆုံး အဆောက်အအုံများထဲမှ တစ်ခုဖြစ်သည်။ အဆိုပါဒေသတွင် ရေအကျပ်အတည်း အလွန် ပြင်းထန်နေသောကြောင့် ယင်းစက်ရုံသည် ဒေသခံပြည်သူများ၏ အသက်ရှင်နေထိုင်ရေးအတွက် အလွန် အရေး ပါသော အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha