အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစ္စလာမ်မစ်သမ္မတနိုင်ငံ အီရန်စစ်တပ်၏ ဒုတိယညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး ဟဘီဘိုလာ စီယာရီက “အစိုးရရက်သတ္တပတ်” အထိမ်းအမှတ်အဖြစ် ရေးသားခဲ့သည့် ပို့စ်တစ်ခုတွင် အစိုးရသည် လက်နက်ကိုင်တပ်ဖွဲ့များနှင့်အတူ ရပ်တည်နေပြီး အပြည့်အဝ ထောက်ခံပံ့ပိုးပေးနေကြောင်း ပြောကြားခဲ့သည်။
၎င်းက ၎င်း၏ပို့စ်တွင် “အစိုးရရက်သတ္တပတ်” သည် အများပြည်သူအကျိုးကို ဆောင်ရွက်ခြင်းအား ဘုရားသခင်ထံ ပြုထားသည့် ကတိတစ်ရပ်နှင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူခဲ့ကြသော အာဇာနည် ရေဂျာအီနှင့် ဘာဟ်နာ တို့ကဲ့သို့ ထူးချွန်ထင်ရှားသူနှစ်ဦး၏ အမှတ်တရကို ပြန်လည်သတိရစေသည့် အချိန်ကာလဖြစ်ကြောင်း ရေးသားထားသည်။
၎င်းတို့နှစ်ဦးသည် ယုံကြည်ခြင်း၊ ရိုးသားဖြူစင်မှုနှင့် အစ္စလာမ်မစ်တော်လှန်ရေးအစိုးရအောက်တွင် ပြည်သူများကို အကျိုးပြုဆောင်ရွက်လိုသည့် စိတ်ဓာတ်တို့ဖြင့် ပြည်သူ့ဝန်ဆောင်မှု၏ အမြင့်မားဆုံး နမူနာကောင်းတစ်ရပ်ကို ပြသခဲ့ကြပြီး၊ ထိုစံနမူနာသည် အစဉ်အမြဲ လိုက်နာဖွယ်ရာအဖြစ် ကျန်ရှိနေမည်ဟုလည်း ၎င်းက ရေးသားခဲ့သည်။
ယနေ့ အီရန်အစိုးရသည်လည်း ထိုဂုဏ်ယူဖွယ်လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းနေပြီး ခေတ်သစ်သမိုင်း၏ အရေးအကြီးဆုံးနှင့် အထိခိုက်လွယ်ဆုံးကာလတစ်ခုအတွင်း ယုံကြည်ခြင်း၊ စိတ်ဓာတ်ခိုင်မာမှုနှင့် အမျိုးသားအင်အားကြီးမားမှုများအပေါ် ယုံကြည်အားထားကာ ပြည်သူများကို ဝန်ဆောင်မှုပေးခြင်း၊ ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းပေးခြင်းနှင့် ငြိမ်းချမ်းရေး၊ အေးချမ်းတည်ငြိမ်မှုတို့ကို ကာကွယ်ပေးခြင်းများတွင် အစိုးရက အာရုံစိုက်ဆောင်ရွက်နေကြောင်း ဆိုသည်။
အီရန်စစ်တပ်၏ ဒုတိယညှိနှိုင်းရေးမှူးက ၎င်း၏သတင်းစကားတွင် ဒုတိယနှင့် တတိယအကြိမ် “အတင်း အကျပ်ချ မှတ်ခံရသော စစ်ပွဲများ”သည် အီရန်လူမျိုးများ၏ စိတ်ဓာတ်နှင့် ခံနိုင်ရည်ကို စမ်းသပ်သည့် စစ်မြေပြင်များဖြစ်ခဲ့ကြောင်း ရေးသားခဲ့ပါတယ်။ ထိုစစ်မြေပြင်များတွင် အစိုးရနှင့် အစိုးရအဖွဲ့ဝင်အားလုံးသည် အစ္စလာမ်မစ်အီရန်နိုင်ငံကို ကာကွယ်ရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပခုံးချင်းယှဉ်၍ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြကြောင်းလည်း ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး ဟဘီဘိုလာ စီယာရီက ထပ်မံရေးသားရာတွင် နိုင်ငံကို ကာကွယ်သည့် ဤစစ်မြေပြင်၌ အစိုးရ အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် နာဆီရာဇာဒါ နှင့် ထောက်လှမ်းရေးဝန်ကြီး ဟုဂျတ် အိုလ်-အစ္စလမ် ဝါလ်မူစလင် ဆေးယက် အစ္စမေးလ် ခတီးဘ်ဇာဒါ** တို့ ကျဆုံးသေဆုံးခဲ့ခြင်းသည် ဤနိုင်ငံ၏ အာဏာပိုင်များ၏ ဂုဏ်ယူဖွယ် ကိုယ်ကျိုးစွန့်အနစ်နာခံမှုသမိုင်းတွင် နောက်ထပ်အခန်းတစ်ခန်းကို ထပ်မံဖြည့်စွက်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ထိုအဖြစ်အပျက်က အစ္စလာမ်မစ်သမ္မတနိုင်ငံ အီရန်တွင် အမျိုးသားအတွက် အသက်ပေးအနစ်နာခံရန် လိုအပ်သည့်အချိန်တွင် စစ်မြေပြင်နှင့် အစိုးရအတွင်းအကြား မည်သည့်ကွာခြားချက်မျှ မရှိကြောင်း သက်သေပြခဲ့ သည်ဟုလည်း ၎င်းက ဆိုပါတယ်။
ထို့အပြင် ယခုကဲ့သို့ ခက်ခဲကြမ်းတမ်းသော ကာလများအတွင်း အစိုးရ၏ လုပ်ဆောင်ချက်များက ဖိအားများနှင့် ခြိမ်းခြောက်မှုများသည် ပြည်သူ့ဝန်ထမ်းများ၏ ဆုံးဖြတ်ချက်ခိုင်မာမှုနှင့် စိတ်ဓာတ်ကို အားနည်းစေရန် မအောင်မြင်ခဲ့ကြောင်း သက်သေပြနေသည်ဟု စီယာရီက ရေးသားခဲ့ပါတယ်။
နောက်ဆုံးတွင် အစ္စလာမ်မစ်အီရန်သည် ဘုရားသခင်ကို ယုံကြည်အားထားကာ အင်အားကြီးမားသော အီရန် ပြည်သူများ၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရတို့၏ စည်းလုံးညီညွတ်မှုနှင့် အပြန် အလှန် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဂုဏ်သိက္ခာနှင့် တိုးတက်မှုလမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်း သွားမည် ဟု ၎င်းက ပြောကြားထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment