၂၆ ဩဂုတ် ၂၀၂၆ - ၁၈:၁၆
ကမ္ဘာ့ချန်ပီယံရှစ်တွင် အီရန်နပန်းသမား ဒုတိယနေရာရရှိ

ကမ္ဘာ့အလွတ်နပန်းပြိုင်ပွဲတွင် အဘိုလ်ဖာဇ် ရဟ်မာနီသည် ၉၂ ကီလိုတန်း၌ ငွေတံဆိပ် ရရှိခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNAသတင်းဌာန၏အစီရင်ခံစာအရ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ နပန်းသမား အဘိုလ်ဖာဇ် ရဟ်မာနီသည် ကမ္ဘာ့အလွတ်နပန်းချန်ပီယံရှစ်တွင် ဒုတိယနေရာ ရရှိခဲ့ပါတယ်။

ကမ္ဘာ့အလွတ်နပန်းပြိုင်ပွဲများကို ဆလိုဗက်ကီးယားနိုင်ငံ ဘရတ်တီဆလာဗာမြို့တွင် ကျင်းပခဲ့ပါတယ်။

ထိုပြိုင်ပွဲတွင် အီရန်နပန်းသမား အဘိုလ်ဖာဇ် ရဟ်မာနီသည် ဂျပန်နပန်းသမား ကိုနီရှီကို ၁၂–၂ မှတ်ဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ပါတယ်။

ကွာတားဖိုင်နယ်တွင် အဘိုလ်ဖာဇ် ရဟ်မာနီသည် ဘူလ်ဂေးရီးယားနပန်းသမား အလန် ဆာဂါရာယက်ဖ်နှင့် ယှဉ်ပြိုင်ခဲ့ပြီး ၁၁–၀ ဖြင့် အနိုင်ရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။

ကမ္ဘာ့ချန်ပီယံရှစ်တွင် အီရန်နပန်းသမား ဒုတိယနေရာရရှိ

ဆီမီးဖိုင်နယ်တွင် အဘိုလ်ဖာဇ် ရဟ်မာနီသည် ရိုမေးနီးယားနပန်းသမား အက်ဒရီယန် ဆက်စ်ကို ၁၁–၀ ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပါတယ်။

ကမ္ဘာ့အလွတ်နပန်းချန်ပီယံရှစ်၏ ၉၂ ကီလိုတန်း ဗိုလ်လုပွဲတွင် ရဟ်မာနီသည် ဂျော်ဂျီယာနပန်းသမား ကိုရာရှ်ဗီလီ နှင့် ယှဉ်ပြိုင်ခဲ့ပြီး ၂–၅ မှတ်ဖြင့် ရှုံးနိမ့်ကာ ငွေတံဆိပ်နှင့် ဒုတိယနေရာ ကို ရရှိခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha