အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘလခ်ပြည်နယ်ရှိ တာလီဘန် ဒေသခံအာဏာပိုင်များက မဇာရီရှရစ်ဖ်မြို့ရှိ ဟဇရသ်အလီ (အ.စ) နှင့် ဆက်နွှယ်သည်ဟု ယူဆထားသော ဇေယာရသ် နေရာကို အာဖဂန်နီငွေ သန်း ၄၀၊ အမေရိကန်ဒေါ်လာအားဖြင့် ခန့်မှန်းခြေ ဒေါ်လာ ၅၈၅,၀၀၀ ကုန်ကျမည့် ပြန်လည်ပြုပြင်မွမ်းမံရေး စီမံကိန်းကို စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
တာလီဘန်အာဏာပိုင်များ၏ ပြောကြားချက်အရ အဆိုပါစီမံကိန်းကို တာလီဘန်ပြည်ထဲရေးဝန်ကြီး ဆီရာဂျူဒင် ဟက်ကာနီ ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး “ဘာရကတ်ဇီ” အဖွဲ့က ငွေကြေးထောက်ပံ့ ပေးမည်ဖြစ် ပါတယ်။ စီမံကိန်းပြီးစီးရန် ခန့်မှန်းခြေ ၂ နှစ်ကြာမြင့်မည်ဖြစ်ပါတယ်။
စီမံကိန်းစတင်သည့် အခမ်းအနားကို တာလီဘန်ဒေသခံအာဏာပိုင်များ၊ ဘလခ်ပြည်နယ် ဒေသခံများနှင့် သတင်းထောက်များ တက်ရောက်ခဲ့ကြပါတယ်။
ဘလခ်ပြည်နယ်ရှိ တာလီဘန်၏ သတင်းအချက်အလက်နှင့် ယဉ်ကျေးမှုဌာန အကြီးအကဲ မိုဟမ္မဒ်အလ္လာဟ် ဇာရား က မကြာသေးမီက ဖြစ်ပွားခဲ့သော မြေငလျင်များကြောင့် အဆိုပါ ဇိယာရတ်နေရာ၏ အစိတ်အပိုင်းအချို့ ပျက်စီးခဲ့သဖြင့် ပြန်လည်ပြုပြင်မွမ်းမံရေးအစီအစဉ်ကို စတင်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားပါတယ်။
၎င်း၏အဆိုအရ အဆိုပါစီမံကိန်းတွင် ဇိယာရတ်နေရာ၏ အစိတ်အပိုင်းအမျိုးမျိုး ပါဝင်မည်ဖြစ်ပြီး ရည်ရွယ်ချက် မှာ ထိုနေရာ၏ သမိုင်းဝင်၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ဖြစ်ပါ တယ်။
ဘလခ်ပြည်နယ် တာလီဘန် ဒုတိယအုပ်ချုပ်ရေးမှူး အဘူအီဒရစ် ကလည်း ဟဇရတ်အလီ (အ.စ) နှင့် ဆက်နွှယ်သည်ဟု ယူဆထားသော အဆိုပါ ဇိယာရတ်နေရာသည် ပြည်နယ်အတွင်းရှိ အရေးအကြီးဆုံး သမိုင်းဝင်နှင့် ဘာသာရေးဆိုင်ရာ နေရာများအနက် တစ်ခု** ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မဇာရီရှရစ်ဖ်မြို့အလယ်ပိုင်းတွင် တည်ရှိသည့် အဆိုပါ ဇေယာရသ် နေရာသည် အာဖဂန်နစ္စတန်နိုင်ငံ၏ အရေးကြီးဆုံး ဘုရားဖူးခရီးစဉ်နေရာများအနက် တစ်ခုဖြစ်ပြီး နှစ်စဉ် ဘုရားဖူးများနှင့် ခရီးသွားဧည့်သည် အမြောက်အမြား လာရောက်လည်ပတ်ကြပါတယ်။
တာလီဘန်အာဏာပိုင်များက အာဖဂန်နစ္စတန်နိုင်ငံ၏ အခြားဒေသများရှိ သမိုင်းဝင်၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် ထိန်းသိမ်းစောင့် ရှောက်ခြင်း လုပ်ငန်းများကို လည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment