၂၈ ဩဂုတ် ၂၀၂၆ - ၁၃:၀၈
တီဟီရန်တွင် အကြိမ်(၄၀) မြောက် အပြည်ပြည်ဆိုင်ရာ အစ္စလာမ့်ညီညွတ်ရေး ညီလာခံ စတင်၊ ပြည်တွင်းပြည်ပ ဧည့်သည် ၆၀၀ ခန့် တက်ရောက်

တီဟီရန်မြို့ရှိ Summit Hall တွင် အီရန် သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း နှင့် အစ္စလာမ္မစ်ကမ္ဘာမှ ထင်ရှားသော အစ္စလာမ့်ပညာရှင်များ၊ ပညာတတ်များ တက်ရောက်လျက် အကြိမ် (၄၀ ) မြောက် အပြည်ပြည် ဆိုင်ရာ အစ္စလာမ့်ညီညွတ်ရေး ညီလာခံကို စတင်ကျင်းပခဲ့ပါတယ်။ ယခုနှစ် ညီလာခံ၏ အဓိကခေါင်းစဉ်မှာ “အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ အတွေးအခေါ်များအတွင်းရှိ အစ္စလာမ့် ညီညွတ် ရေး” ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ တီဟီရန်တွင် အကြိမ် (၄၀) မြောက် အပြည်ပြည်ဆိုင်ရာ အစ္စလာမ့် ညီညွတ် ရေး ညီလာခံကို စတင်ကျင်းပခဲ့ပြီဖြစ်ပါတယ်။ ကြာသပတေးနေ့တွင် တီဟီရန်မြို့ရှိ Summit Hall ၌ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း နှင့် အစ္စလာမ့်ကမ္ဘာမှ ထင်ရှားသော အစ္စလာမ့်ပညာရှင်များ၊ ပညာတတ်များ တက်ရောက်နေစဉ် ညီလာခံကို စတင်ခဲ့ခြင်းဖြစ်ပါတယ်။

ယခုနှစ် ညီလာခံကို “အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ အတွေးအခေါ်များအတွင်းရှိ အစ္စလာမ့်ညီညွတ်ရေး” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပါတယ်။

မဂျ်မအေ ဂျဟာနီယေ တက်ခရီး‌ဗေ မဇာဟေဗ်ဗေ အစ္စလာမ်မီ ( အစ္စလာမ့်ဂိုဏ်းခွဲများအကြား နီးကပ် ညီညွတ် ရေး ကမ္ဘာ့အဖွဲ့ ) ၏ အထွေထွေအတွင်းရေးမှူး ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန်  ဟမီးဒ် ရှဟ်ရီယာရီ က တမန်တော် မြတ် မိုဟမ္မဒ် မွတ်စ်သဖွာ (ဆွ) နှင့် ‌အေမာမ် ဂျာအ်ဖာရ် ဆွာဒစ်က် (အ.စ) တို့၏ မွေးနေ့ မင်္ဂလာအခါသမယအတွက် ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး အီရန် သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း  နှင့် ပြည်တွင်းပြည်ပမှ ရောက်ရှိလာကြသော ဧည့်သည်များအား အရေးပါသော ညီလာခံသို့ တက်ရောက် ပေးသည့် အတွက် ကြိုဆိုခဲ့ပါတယ်။

H.I ဟမီးဒ် ရှဟ်ရီယာရီ က ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များကို ရည်ညွှန်း ပြောကြား ရာတွင် အရေးကြီးဆုံးဖြစ်ရပ်မှာ အမေရိကန်ပြည်ထောင်စုနှင့် အကြမ်းဖက် ဇီယွန်ဝါဒီအစိုးရတို့က အီရန်နိုင်ငံနှင့် အီရန်ပြည်သူများအပေါ် ပြုလုပ် ခဲ့သည့် စစ်ပွဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက အဆိုပါစစ်ပွဲသည် အီရန်နိုင်ငံအပေါ် ခြောက်လကြာ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ ကမ္ဘာ့အာဏာ ကြီးများ သည် အီရန်၏ တိုးတက်လာသော အင်အားကို ကြောက်ရွံ့ကြပြီး မည်သည့်ပြိုင်ဘက်၏ အင်အားကိုမျှ သည်းမခံနိုင်ကြကြောင်း ပြောကြားခဲ့ပါတယ်။ အင်အားကောင်းသော အီရန်နိုင်ငံသည် အစ္စလာမ့်နိုင်ငံများနှင့် ဖိနှိပ်ခံလူမျိုးများအတွက် စံနမူနာတစ်ရပ်ဖြစ်ကြောင်းလည်း ၎င်းက ဆိုပါတယ်။

အီရန်အပေါ် အမေရိကန်၏ ရန်လိုမှုကို ရည်ညွှန်း၍ H.I ဟမီးဒ် ရှဟ်ရီယာရီ က အီရန်၏ ရန်သူများသည် နိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်၊ ဒုံးကျည်စွမ်းအား၊ ခေတ်မီအခြေခံအဆောက်အအုံများ၊ ရေနံ၊ သိပ္ပံ ပညာရှင်များ၊ ရဲရင့်သော စစ်သားများ၊ ခိုင်မာသော အစိုးရနှင့် နိုင်ငံရေးစနစ်၊ ထို့အပြင် ခိုင်မာသော ခေါင်းဆောင် မှုတို့ကို ပိုင်ဆိုင်ထားခြင်း မရှိစေလိုကြကြောင်း ပြောကြားခဲ့ပါတယ်။

အကြောင်းမှာ ယင်းအချက်တစ်ခုချင်းစီသည် အစ္စလာမ့်နိုင်ငံ၏ အမျိုးသားညီညွတ်ရေးနှင့် ခုခံတော်လှန်ရေးကို ပိုမိုခိုင်မာစေသောကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

ထို့အပြင် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဟော်မုဇ်ဂန်ပြည်နယ် တောင်ပိုင်း မီးနာဗ် ရှိ ရှဂျရေဟ်သွယေဗဟ် မူလတန်းကျောင်း အပေါ် အမေရိကန်၏ တိုက်ခိုက်မှုကိုလည်း ရှဟ်ရီယာရီက ရည်ညွှန်းခဲ့ပါတယ်။

ထိုတိုက်ခိုက်မှုကြောင့် ကျောင်းသားနှင့် ဆရာ၊ ဆရာမ ၁၆၈ ဦးကျော် သေဆုံးခဲ့ကြောင်း ၎င်းက ပြောကြား ခဲ့ပါတယ်။ ထို့နောက် H.I ဟမီးဒ် ရှဟ်ရီယာရီ က အမေရိကန်အား “မီးနာဗ် ကျောင်းမှ အပြစ်မဲ့ကျောင်းသားများကို သတ်ဖြတ်ခြင်းဖြင့် အမေရိကန်အနေဖြင့် မည်သည့်အကျိုးအမြတ်ကို ရရှိခဲ့သနည်း? ” ဟု မေးခွန်းထုတ်ခဲ့ပြီး ထိုမေးခွန်းနှင့် ရင်ဆိုင်ရချိန်တွင် အနောက်တိုင်းမီဒီယာများက အဘယ်ကြောင့် နှုတ်ဆိတ်နေကြသနည်း? ဟုလည်း မေးမြန်းခဲ့ပါတယ်။

လွန်ခဲ့သည့် ဆယ်စုနှစ်လေးခုအတွင်း အမေရိကန်၏ မူဝါဒများ မအောင်မြင်ခဲ့မှုကို အလေးပေးပြောကြားရာတွင် ရှဟ်ရီယာရီက အမေရိကန်အစိုးရသည် “အမြင့်ဆုံးဖိအားပေးမှု” မူဝါဒကို ကျင့်သုံးခဲ့သော်လည်း ၎င်းတို့၏ ရည်မှန်းချက်များကို မအောင်မြင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ထိုသို့ဖြစ်ရခြင်းမှာ ကွယ်လွန်သူ အစ္စလာမ့်တော်လှန်ရေးခေါင်းဆောင် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ဦးဆောင်မှုအောက်တွင် အီရန်သည် ဒေသတွင်း ပထမအင်အားကြီးနိုင်ငံ ဖြစ်လာခဲ့သောကြောင့်ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

၎င်းက အီရန်သိပ္ပံပညာရှင်များသည် နည်းပညာနယ်ပယ်၏ အစွန်းအထိ ရောက်ရှိလာခဲ့ကြောင်း၊ လူငယ်များ သည် ဒုံးကျည်များနှင့် မဟာဗျူဟာမြောက် ဒရုန်းများကို ထုတ်လုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် အီရန်စစ်တပ်နှင့် စစ်သားများသည် ကမ္ဘာ့အကြီးဆုံး စစ်တပ်ရှေ့တွင် မတုန်မလှုပ် ရင်ဆိုင် တိုက်ပွဲ ဝင်ခဲ့ကြပြီး ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဖျက်ဆီးခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ လွတ်လပ် ရေးလိုလားသူများအား ဖိနှိပ်သူများကို ဆန့်ကျင်၍ ခုခံတော်လှန်ရေးပြုလုပ်ရန် သင်ခန်းစာပေးခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အစ္စလာမ့်ဂိုဏ်းခွဲများအကြား နီးကပ်ညီညွတ်ရေး ကမ္ဘာ့အဖွဲ့၏ အထွေထွေအတွင်းရေးမှူးက ဒေသတွင်းနိုင်ငံ များ အတွက် အမေရိကန်၏ တည်ရှိမှုနှင့်ပတ်သက်၍ ခါးသီးသော အတွေ့အကြုံကို ရည်ညွှန်းပြောကြားရာတွင် အစ္စလာမ့် နိုင်ငံများအနေဖြင့် အမေရိကန်၏ တည်ရှိမှုသည် ပြဿနာများကို ပိုမိုဖြစ်ပေါ်စေကြောင်း နားလည် သဘော ပေါက်လာကြပြီဖြစ်ပြီး လုံခြုံရေးကို ဒေသတွင်းနိုင်ငံများကိုယ်တိုင်သာ အာမခံနိုင်ကြောင်း နားလည် လာကြပြီဖြစ်သည်ဟု ဆိုပါတယ်။

အကြိမ်(၄၀) မြောက် အပြည်ပြည်ဆိုင်ရာ အစ္စလာမ့်ညီညွတ်ရေး ညီလာခံ၏ ဖွင့်ပွဲအခမ်းအနားသို့ ပြည်တွင်း ပြည်ပ ဧည့်သည် စုစုပေါင်း ၆၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ တက်ရောက်သူများထဲတွင် အီရတ်၊ ပါကစ္စတန်၊ တူရကီ၊ လက်ဘနွန်၊ အာဖဂန်နစ္စတန်နှင့် ပါရှန်ပင်လယ်ကွေ့နိုင်ငံများအပါအဝင် အစ္စလာမ့်နိုင်ငံများမှ ထင်ရှား သော ပညာရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ ပါဝင်ခဲ့ကြသည်။ ထို့အပြင် တီဟီရန်တွင် နေထိုင် သည့် သံအမတ်အများအပြားနှင့် အထင်ကရ ဘာသာရေးမဟာပညာရှင်ကြီးများ၏ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha