၂၈ ဩဂုတ် ၂၀၂၆ - ၁၃:၄၇
အမေရိကန်က ရန်စလာပါက သမိုင်းတွင် မှတ်တမ်းတင်ကျန်ရစ်မည့် သင်ခန်းစာမျိုး ပေးမည်ဟု မိုဟ်ဆင် ရေဇာအီ ပြော

အီရန် အမျိုးသားလုံခြုံရေး အဆင့်မြင့်ကောင်စီ၏ အထွေထွေအတွင်းရေးမှူးက ကာတာဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး ရှိက်ခ် မိုဟမ္မဒ် ဘင်န် အဗ်ဒိုရ် ရဟ်မာန် အာလေ စာနီ နှင့် တွေ့ဆုံရာတွင် အခက်အခဲများနှင့် ခက်ခဲသော အချိန်ကာလများအတွင်း အီရန်က ကာတာကို ကူညီပေးခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှု နှင့် ညီအစ်ကိုကဲ့သို့သော ဆက်ဆံရေးများကို အလေးထားကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အီရန် အမျိုးသားလုံခြုံရေး အဆင့်မြင့်ကောင်စီ အထွေထွေအတွင်းရေးမှူး မိုဟ်ဆင် ရေဇာအီ  သည် တီဟီရန်တွင် ကာတာဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရှိက်ခ် မိုဟမ္မဒ် ဘင်န် အဗ်ဒိုရ် ရဟ်မာန် အာလေ စာနီ နှင့် တွေ့ဆုံစဉ် အီရန်သည် အခက်အခဲများနှင့် ခက်ခဲသောအချိန်များအတွင်း ကာတာကို ကူညီပေးခဲ့ကြောင်းနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ညီအစ်ကိုရင်းချာ ဆက်ဆံရေးများကို အလေးထားကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ဆက်လက်၍ “ကျွန်ုပ်တို့သည် အမေရိကန်ကို ယုံကြည်မှုမရှိပါ။ အကြောင်းမှာ အမေရိကန်သည် သံတမန် ရေး နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေစဉ်အတွင်း အကြိမ်ကြိမ် သစ္စာဖောက်ခဲ့သောကြောင့် ဖြစ်သည်” ဟု ပြောကြားခဲ့ပါတယ်။

မိုဟ်ဆင် ရေဇာအီက အမေရိကန်ကို သတိပေးရာတွင် အမေရိကန်အနေဖြင့် အီရန်ကို ဆန့်ကျင်၍ တစ်စုံတစ်ရာ ရန်စမှု စတင်ပြုလုပ်ပါက အမေရိကန်၏ စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများကို သမိုင်းတွင် မှတ်တမ်းတင်ကျန်ရစ်မည့်အထိ ကြီးမားသော ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်အောင် ပြုလုပ်မည် ဟု ပြောကြား ခဲ့ပါတယ်။

ဗိုလ်ချုပ် မိုဟ်ဆင် ရေဇာအီက ဆက်လက်၍ အမေရိကန်အနေဖြင့် အီရန်၏ သတ်မှတ်ချက်များကို ဦးစွာ ဖြည့်ဆည်းပေးရန် လက်တွေ့ကျသော အဆင့်များကို ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ထို့နောက်မှသာ အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရေး နှင့်ပတ်သက်၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးမှုအတွင်း ကာတာဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရှိက်ခ် မိုဟမ္မဒ် ဘင်န် အဗ်ဒိုရ် ရဟ်မာန် အာလေ စာနီ က ခက်ခဲသောအခြေအနေများအတွင်း အစ္စလာမ့်သမ္မတနိုင်ငံ အီရန်ကို ကူညီပေးမှုနှင့် နှစ်နိုင်ငံ အကြား ညီအစ်ကိုရင်းချာ ဆက်ဆံရေးများကို မိမိတို့အနေဖြင့် တန်ဖိုးထားကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ဆက်လက်၍ “အစ္စလာမ့်သမ္မတနိုင်ငံ အီရန်နှင့် ပူးပေါင်းဆောင်ရွက်ရေးတွင် ကျွန်ုပ်တို့သည် မည်သည့် အခါမျှ တွန့်ဆုတ်ခဲ့ခြင်း မရှိပါ”ဟု ပြောကြားခဲ့ပါတယ်။

ကာတာဝန်ကြီးချုပ်က ဒေသတွင်း လက်ရှိဖြစ်ပေါ်နေသော အလွန်အမင်း ထိလွယ်ရှလွယ်သည့် အခြေအနေတွင် တာဝန်သိစိတ်အပေါ် အခြေခံသည့် စိတ်ဓာတ်ဖြင့် “ကျွန်ုပ်တို့သည် အီရန်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အမြဲတမ်း အသင့်ရှိပြီး ခိုင်မာစွာ သန္နိဋ္ဌာန်ချထားသည်” ဟု ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha