၃၀ ဩဂုတ် ၂၀၂၆ - ၂၃:၅၉
တတိယအကြိမ် အတင်းအကျပ်ချမှတ်ခံရသော စစ်ပွဲအတွင်း လူပေါင်း ၇,၂၅၀ ကျော်ကို အပျက် အစီးများ အောက်မှ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ /အီရန်လခြမ်းနီ

အီရန်လခြမ်းနီအဖွဲ့ အကြီးအကဲက မကြာသေးမီက ဖြစ်ပွားခဲ့သော ဘေးအန္တရာယ်များနှင့် တတိယအကြိမ် အတင်းအကျပ်ချမှတ်ခံရသော စစ်ပွဲအတွင်း ကယ်ဆယ်ရေးဝန်ထမ်းများ၏ ဆောင်ရွက်မှုများကို ပြောကြား ရာတွင် လခြမ်းနီကယ်ဆယ်ရေး (ကြက်ခြေနီ ကယ်ဆယ်ရေး) ဝန်ထမ်းများသည် အပျက်အစီးများအောက်မှ လူပေါင်း ၇,၂၅၀ ကျော်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ပီးရ်ဟိုစိုင်းန်ကိုလီဗန်ဒ် က အစိုးရအာဇာနည်များအား ဂုဏ်ပြု အောက်မေ့ စကား ပြောကြားခဲ့ပြီး ယခုကာလသည် တမန်တော်မြတ် မိုဟမ္မဒ်(ဆွ) နှင့် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်( အ.စ) တို့၏ မွေးနေ့ ရက်မြတ် မင်္ဂလာနှင့် တိုက်ဆိုင်နေခြင်းကြောင့် ဝန်ဆောင်မှုပေးခြင်း၊ တာဝန်ယူခြင်းနှင့် ကရုဏာထားခြင်း ဟူသည့် အရေးကြီးသော အယူအဆသုံးရပ်ကို ပြန်လည်သတိရစေကြောင်း ပြောကြား ခဲ့ပါတယ်။

၎င်းက ဆက်လက်၍ အာဇာနည် ရာဂျာအီနှင့် အာဇာနည် ဂျဝါဒ် ဘဟိုနရ် တို့က တာဝန်ထမ်း ဆောင်ရ သည့်ကာလသည် တိုတောင်းနိုင်သော်လည်း ဝန်ဆောင်မှုပေးခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ပြည်သူများနှင့် ရင်းနှီး ချိတ်ဆက်မှုရှိခြင်း နှင့် ကိုယ်ကျိုးစွန့်အနစ်နာခံခြင်းတို့မှတစ်ဆင့် လူတစ်ဦးသည် ပြည်သူများ၏ နှလုံးသားထဲတွင် ထာဝရ ရှင်သန်နေနိုင်ကြောင်း သင်ကြားပေးခဲ့သည်ဟု ဆိုပါတယ်။

အီရန်လခြမ်းနီအဖွဲ့ အကြီးအကဲက မကြာသေးမီက ဖြစ်ပွားခဲ့သော ဘေးအန္တရာယ်များနှင့် စစ်ပွဲအတွင်း ကယ်ဆယ်ရေးဝန်ထမ်းများ၏ ဆောင်ရွက်ချက်များကို ပြောကြားရာတွင် ရက်ပေါင်း ၄၀ ကြာ စစ်ပွဲအတွင်း လူပေါင်း ၇,၂၅၀ ကျော်ကို အပျက်အစီးများအောက်မှ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း  ပြောကြား ခဲ့ပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းများသည် လူများကို ကယ်တင်ပေးရုံသာမက အာဇာနည်များ၏ ရုပ်အလောင်းများ ကို ရှာဖွေခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းများတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။

ပီယာဟိုစိန်က ဆက်လက်၍ အဖြစ်အပျက်များစွာတွင် လခြမ်းနီကယ်ဆယ်ရေးဝန်ထမ်းများသည် အခင်းဖြစ်ပွား ရာနေရာသို့ လေးမိနစ်မပြည့်မီ ရောက်ရှိနိုင်ခဲ့ကြောင်း ၊ အလွန်ခက်ခဲသော အခြေအနေများအောက်တွင်ပင်၊ ဗုံးကြဲ တိုက်ခိုက်မှုများနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ်အတွင်းပင် ၎င်းတို့သည် တာဝန်နေရာမှ မဆုတ်ခွာဘဲ ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။

ကိုလီဗန်ဒ်က အီရန်လခြမ်းနီအဖွဲ့မှ လူငယ်ကယ်ဆယ်ရေးဝန်ထမ်းများကိုလည်း ဂုဏ်ပြုခဲ့ပြီး ထိုလူငယ်များသည် မိမိတို့၏ အသက်အန္တရာယ်ရှိနေသော်လည်း မကြောက်မရွံ့ အခင်းဖြစ်ရာနေရာများသို့ ဝင်ရောက်ကာ ပြည်သူ များ ၏ အသက်များကို ကယ်တင်ရန် အစွမ်းကုန် ကြိုးပမ်းခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်လခြမ်းနီအဖွဲ့ အကြီးအကဲက နိုင်ငံတကာအဆင့်တွင် အဖွဲ့၏ တာဝန်ဝတ္တရားများနှင့် ပတ်သက်၍လည်း အလေး ပေးပြောကြားခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘက်မလိုက်မှုဆိုသည်မှာ အဖြစ် အပျက် များကို လျစ်လျူရှုနေခြင်း မဟုတ်ကြောင်း ဆိုပါတယ်။ လခြမ်းနီအဖွဲ့သည် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့် အရေးချိုး ဖောက်မှုများ ရင်ဆိုင်နေရချိန်တွင် တိတ်ဆိတ်နေ၍ မရကြောင်းလည်း ပြောကြားခဲ့ပါတယ်။

စစ်ပွဲဒဏ်ခံရသူများ၏ အခွင့်အရေးများကို ကာကွယ်ရန် လခြမ်းနီအဖွဲ့က ဆက်လက်လုပ်ဆောင်နေသော နိုင်ငံ တကာကြိုးပမ်းမှုများနှင့် ပတ်သက်၍လည်း ၎င်းက ပြောကြားခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာစင်တာများ၊ ကယ်ဆယ် ရေးစင်တာများနှင့် လူသားချင်းစာနာထောက်ထားမှုအတွက် တည်ဆောက်ထားသော အခြေခံ အဆောက် အအုံများ ထိခိုက်ပျက်စီးမှုနှင့် ပတ်သက်သည့် မှတ်တမ်းအထောက်အထားများကို နိုင်ငံ တကာ အဖွဲ့အစည်းများထံ ပေးပို့ထားပြီးဖြစ်ကာ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆက်လက်တောင်းဆိုမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha