၁ စက်တင်ဘာ ၂၀၂၆ - ၁၈:၀၉
အီရန်သမ္မတ ကာဂျစ်စတန်သို့ ရောက်ရှိ

အီရန်သမ္မတသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) နှင့် “ရှန်ဟိုင်း ပလပ်စ်” အဖွဲ့၏ ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားရန်အတွက် နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ကာဂျစ်စတန်နိုင်ငံ၏ မြို့တော် ဘစ်ရှ်ကက်သို့ ရောက်ရှိလာခဲ့ပါတယ်။ ၎င်းအား ကာဂျစ်စတန် ဝန်ကြီးအဖွဲ့ ဒုတိယအကြီးအကဲက လာ ရောက် ကြိုဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ယခု ခရီးစဉ် အတွင်း ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ရှန်ဟိုင်း ပလပ်စ် ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားမည့်အပြင် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံအချို့၏ ခေါင်းဆောင်များနှင့်လည်း နှစ်နိုင်ငံဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပါတယ်။

တွေ့ဆုံမည့် ခေါင်းဆောင်များထဲတွင် အိန္ဒိယနှင့် ပါကစ္စတန် ဝန်ကြီးချုပ်များအပြင် ကာဂျစ်စတန်၊ ရုရှားနှင့် တာဂျစ်ကစ္စတန် သမ္မတများလည်း ပါဝင်ပါတယ်။

ထို့အပြင် အီရန်သမ္မတသည် ကာဂျစ်စတန်သမ္မတ၏ ဖိတ်ကြားချက်အရ ၆ ကြိမ်မြောက် ကမ္ဘာ့ရိုးရာမျိုးနွယ်စု အားကစားပြိုင်ပွဲများ (World Nomad Games)  ဖွင့်ပွဲအခမ်းအနားသို့လည်း တက်ရောက်မည်ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha