၁ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၉
အိုမန်ဘုရင် ဆော်ဒီအာရေဗျသို့ ခရီးစဉ်၊  မိုဟမ္မဒ် ဘင်န် စလ်မာန် နှင့် တွေ့ဆုံ

အိုမန်ဘုရင်သည် ဆော်ဒီအာရေဗျနိုင်ငံသို့ တရားဝင်ခရီးစဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး ဂျက်ဒါမြို့ရှိဘုရင် အဗ္ဗဒူလ်အဇစ် အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင်န် စလ်မာန် က လာရောက်ကြိုဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အိုမန်ဘုရင် ဟိုင်စမ် ဘင်န် သွာရီက် သည် ယနေ့ အင်္ဂါနေ့တွင် တရားဝင်ခရီးစဉ်ဖြင့် ဂျက်ဒါမြို့သို့ ရောက်ရှိလာခဲ့သည်။

ဂျက်ဒါလေဆိပ်တွင် ၎င်းအား ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားလည်းဖြစ် နှင့် ဝန်ကြီးချုပ်လည်း ဖြစ်သည့်  မိုဟာဟမ္မဒ် ဘင်န် စလ်မာန် က လာရောက်ကြိုဆိုခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦးသည် အိုမန်နှင့် ဆော်ဒီအာရေဗျအကြား ညီရင်းအစ်ကိုဆန်သော ဆက်ဆံရေးများ၊ ကဏ္ဍအသီးသီးရှိ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာကျယ်ပြန့်လာစေရန် အလားအလာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါတယ်။

ထို့အပြင် အိုမန်ဘုရင် နှင့် ဟမ္မဒ် ဘင်န် စလ်မာန် တို့သည် ဒေသတွင်း လတ်တလောအခြေအနေများ နှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် လက်ရှိဆောင်ရွက်နေသည့် ကြိုးပမ်းမှုများအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha