အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNAသတင်းဌာန နှင့် အီရန်တပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ “ဆာအေကဟ်” စစ်ဆင်ရေး ၏ ၃၁ ကြိမ်မြောက်အဆင့်အဖြစ်၊ အီရန်ပြည်သူများနှင့် အီရန်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ “မြင့်မြတ် သောသွေး” အတွက် လက်စားချေရန် ရည်ရွယ်၍ ကူဝိတ်နိုင်ငံရှိ အမေရိကန် “အဲဟ်မဒ် အယ်လ်ဂျာဘာ” စစ်အခြေစိုက် စခန်းကို အကြီးအကျယ် တိုက်ခိုက်ခဲ့ကြောင်း ဆိုပါတယ်။
ထိုတိုက်ခိုက်မှုအတွင်း ဂြိုဟ်တုဆက်သွယ်ရေးစနစ်များ၊ လက်နက်သိုလှောင်ရုံများနှင့် တိုက်လေယာဉ်များ ထားရှိသည့် ဟန်ဂါများကို တိကျစွာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့များ ထိခိုက်ဆုံးရှုံးမှု အကြီး အကျယ် ဖြစ်ပေါ်ခဲ့ကြောင်း အီရန်ဘက်က ပြောကြားပါတယ်။
မှတ်သားဖွယ်မှာ “အဲဟ်မဒ် အယ်လ်ဂျာဘာ ” လေတပ်စခန်းသည် အနောက်အာရှဒေသတွင် အမေရိကန် တပ်ဖွဲ့ များ ၏ ထောက်ပံ့ပို့ဆောင်ရေးနှင့် ထောက်လှမ်းရေးလုပ်ငန်းများအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင် နေ သည်ဟု ဖော်ပြထားပါတယ်။
ထို့အပြင် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ တပ်မတော်သည် အာရပ်စော်ဘွားများပြည်ထောင်စုအတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်း “အယ်လ်မင်ဟတ်ဒ်” ကိုလည်း ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီး အမေရိကန် စစ်သားများ နေထိုင်ရာအဆောက်အအုံများနှင့် ရေဒါစနစ်များကို ဖျက်ဆီးခဲ့ကြောင်း ဆိုပါတယ်။
“အယ်လ်မင်ဟတ်ဒ်” လေတပ်စခန်းသည် အမေရိကန်တပ်ဖွဲ့များ၏ လေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ ရေးလုပ်ငန်းများအတွက် အရေးပါသော အချက်အချာနေရာတစ်ခုဖြစ်သည်ဟု သတ်မှတ် ထားပါ တယ်။
အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ တပ်မတော်က နိုင်ငံကို ကာကွယ်စောင့်ရှောက်သူများသည် အမေရိကန် တပ်ဖွဲ့ များ ၏ မည်သည့်တိုက်ခိုက်မှုကိုမဆို ပြင်းထန်ပြီး အဖျက်အဆီးကြီးမားသော တုံ့ပြန်မှုဖြင့် ပြန်လည် တုံ့ပြန် သွား မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ထို့အပြင် နောက်ဆုံးအောင်ပွဲရရှိပြီး ကျူးကျော်သူဘက်မှ သတိ ပေးချက် ကို လက်ခံနားလည်သည့်အချိန်အထိ ထိုတုံ့ပြန်တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု ဆိုပါ တယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment